Connect with us

Economy

တရုတ်-အာဆီယံ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုနှစ်အခမ်းအနားဖွင့်ပွဲကျင်းပ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိလေဆိပ်သို့ ရောက်ရှိလာသော တရုတ်ကမ္ဘာ့လှည့်ခရီးသွားများကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊မတ်လ ၁၇ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဒူတာတေး တို့ကဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာတွင်ပြုလုပ်ခဲ့သောတရုတ်-အာဆီယံ ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုနှစ်အခမ်းအနားဖွင့်ပွဲသို့ မတ်လ ၁၆ ရက်ကဂုဏ်ပြုအမှာစာများပေးပို့ခဲ့ကြကြောင်းသိရသည်။

ဝန်ကြီးချုပ်မစ္စတာလီက တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများသည် တောင်တန်းများ၊မြစ်များဖြင့် ဆက်စပ်နေသည်ဖြစ်စေ၊ပင်လယ်သမုဒ္ဒရာများခြားနေသည်ဖြစ်စေ ရင်းနှီးချစ်ကြည်သော ပူးပေါင်းဆောင်ရွက်မှုသမိုင်းကြောင်းနှင့် ပြည်သူများအချင်းချင်းဖလှယ်မှုများရှိခဲ့ကြောင်း ၎င်း၏စာတွင်ဖေါ်ပြခဲ့သည်။

တရုတ်နိုင်ငံအနေနှင့်အာဆီယံဦးစားပေးနိုင်ငံခြားရေးဝါဒ ကိုလက်ကိုင်ထားခဲ့ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၌ အာဆီယံ၏ဗဟိုကျမှုကို ထောက်ခံခဲ့ကြောင်းလည်းလီကပြောကြားခဲ့သည်။ ထို့ပြင ်မစ္စတာလီက ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ ဝေမျှခြင်းနှင့် အပြန်အလှန်လေးစားမှု၊နားလည်မှု၊ယုံကြည်အားထားမှု၊ထောက်ခံမှု တို့ဖြင့်တရုတ်-အာဆီယံလူ့အဖွဲ့အစည်းကိုပိုမိုနီးကပ်စွာဆောင်ရွက်သွားကြရေး အတွက်တရုတ်နိုင်ငံကလိုလားပါကြောင်းလည်း ၎င်း၏စာတွင်ဖေါ်ပြခဲ့သည်။

တရုတ်နိုင်ငံနှင့်အာဆီယံအကြား ပြည်သူချင်းဆက်ဆံမှုတွင် ခရီးသွားလာမှုလုပ်ငန်းက အဓိကကဏ္ဍဖြစ်ကြောင်း နှင့်တရုတ်နိုင်ငံကအာဆီယံအတွက်ပြည်ပခရီးသွားများလာရောက်ရာအဓိကအရင်းအမြစ်ဖြစ်ကြောင်းလည်း၎င်းကဖြည့်စွက်ပြောခဲ့သည်။

၂၀၁၇ ခုနှစ်မှာ အာဆီယံတည်ထောင်မှု အနှစ် ၅၀ ပြည့်နှစ်ဖြစ်သကဲ့သို့ တရုတ်နိုင်ငံနှင့်အာဆီယံနှစ်ဖက်စလုံးကလည်းခရီးသွားလုပ်ငန်းအပြန်အလှန်ကျယ်ပြန့်ရေးကိုအလေးထားလာကြသည်။ဖိလစ်ပိုင်သမ္မတဒူတာတေးကလည်းနှစ်ဖက်စလုံးက ခရီးသွားလုပ်ငန်းတွင်မိမိတို့ရည်မှန်းချက်များပြည့်မီစေရေးအတွက်အတူတကွအကောင်အထည်ဖေါ်သွားကြမည်ဟုမျှော်လင့်ကြောင်း၎င်း၏စာတွင်ဖေါ်ပြခဲ့သည်။

၎င်းကဒေသတွင်း ငြိမ်းချမ်းရေး၊လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဦးတည်ကာတရုတ်နိုင်ငံနှင့်အာဆီယံအကြား အနီးကပ်ဆက်ဆံရေးများပိုမိုပြုလုပ်သွားရန်မျှော်လင့်ကြောင်းဖြင့်လည်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.