Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံက အအေးလှိုင်း အတွက် အဝါရောင် သတိပေးချက်ထုတ်ပြန်

ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် အအေးလှိုင်းအတွက် အဝါရောင်တိပေးချက်ကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံအနှံ့အပြားတွင် အပူချိန်ကျဆင်းကာ အအေးလှိုင်းဖြတ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ တရုတ်နိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသအချို့တွင် အပူချိန် ၆ ဒီဂရီစင်တီဂရိတ် မှ ၁၀ ဒီဂရီစင်တီဂရိတ်သို့ ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြောင်း အမျိုးသားမိုးလေဝသဌာနမှ သိရသည်။

အချို့နေရာများတွင် အပူချိန် ၁၄ ဒီဂရီ ဒီဂရီဆဲလ်စင်တီဂရိတ်ကျော် ကျဆင်းသွားနိုင်ကြောင်း မိုးလေဝသဌာနမှ ဖြည့်စွက်ဖော်ပြထားသည်။
တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဒေသအချို့ကို နှင်းမုန်တိုင်းများ တိုက်ခတ်ခြင်းနှင့် ဖြစ်ပေါ်နိုင်ပြီး တရုတ်နိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ဘက်ပိုင်း ဒေသအချို့တွင် ဒီဇင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၂၆ရက် အထိ ဆီးနှင်းမိုးများ ကျဆင်းနိုင်ကြောင်း မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တရုတ်နိုင်ငံတွင် အရောင်ဖြင့်သတ်မှတ်ထားသော မိုးလေဝသ သတိပေးစနစ် လေးဆင့်ရှိပြီး အနီရောင်မှာ ရာသီဥတုအဆိုးဝါးဆုံးဖြစ်ပြီး ယင်းနောက်တွင် လိမ္မော်ရောင်၊ အဝါရောင်နှင့် အပြာရောင်တို့ အသီးသီး ရှိကြောင်း သိရသည်။ (Xinhua)

————————————–
(English Version)
China issues yellow alert for cold wave

BEIJING, Dec. 24 (Xinhua) — China’s meteorological authority on Friday issued a yellow alert for cold waves, forecasting low temperatures and gales in vast regions of the country.
From Friday to Sunday, temperatures are expected to drop by 6 to 10 degrees Celsius in some areas of north, central, east and south China, according to the National Meteorological Center.

The forecast added that some areas could see a temperature drop of more than 14 degrees Celsius.
Snow and sleet will hit parts of north, central and south China from Friday to Sunday, with heavy rainfalls and rainstorms expected to lash some regions of south China’s Hainan Province, the center said.

China has a four-tier, color-coded weather warning system, with red representing the most severe weather, followed by orange, yellow and blue. Enditem