Connect with us

Environment, Disasters & Accidents

ပဲရစ်တွင် ကျင်းပမည့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်တက်ရောက်မည်

ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မာခိုင် (Ma Kai) သည် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးကိစ္စ ဆွေးနွေးမည့် One Planet ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဒီဇင်ဘာလ ၁၂ ရက်တွင် ပြင်သစ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ယင်း ကြေညာချက်အား တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang က ဒီဇင်ဘာလ ၇ ရက်တွင် ပြုလုပ်သော နေ့စဉ် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။မာသည် ပြင်သစ်နိုင်ငံ သမ္မတ အင်မန်နျူရယ် မေခရွန်၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ ဂျင်ယောင်ကင်မ်တို့၏ ပူးတွဲ ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန်အဖြစ် ဒီဇင်ဘာလ ၁၂ ရက်၌ ပဲရစ်တွင် ပြုလုပ်မည့် အဆိုပါ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။

ထိပ်သီးအစည်းအဝေး၌ မာသည် ဒီဇင်ဘာလ ၁၂ ရက် နေ့လည်၌ မိန့်ခွန်းပြောကြားမည် ဖြစ်ပြီး ပဲရစ် သဘောတူညီချက်အတွက် တရုတ်နိုင်ငံ၏ ထောက်ပံ့မှု၊ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွင် ရှေ့ဆက်ပါဝင်သွားမည့် အပြုသဘောဆောင်သည့် သဘောထားအား ထပ်လောင်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.