Connect with us

Environment, Disasters & Accidents

ပန်ဒါအကြီးမျိုး နှစ်ကောင်အား အအေးပိုင်းဒေသ ဖြစ်သည့် တရုတ်နိုင်ငံ မြောက်ပိုင်းသို့ ဘဝသစ် စနိုင်ရန် ဘေးမဲ့ လွှတ်ပေး

ပန်ဒါ မုန့်မုန့် အား တွေ့ရစဉ် (ဆင်ဟွာ)

ချန်ချွမ်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ကျိလင် ပြည်နယ်သို့ ဘေးမဲ့ လွှတ်ပေးခဲ့သည့် ပန်ဒါကြီးမျိုး နှစ်ကောင်သည် ကျန်းမာရေး အခြေအနေ ကောင်းမွန်စွာ ရှိနေကြောင်း ဒေသဆိုင်ရာ တိရစ္ဆာန်ရုံ မှ ပြောကြားခဲ့သည်။

ကျားကျား အမည်ရှိ အသက် ၈ နှစ် အရွယ် ပန်ဒါ အထီး နှင့် မုံ့မုံ့ အမည်ရှိ အသက် ၇ နှစ် အရွယ် ပန်ဒါအမ လေးတို့သည် စီချွမ် မှ ကျိလင် ပြည်နယ် မြို့တော် ချန်ချွမ်းရှိ ကျိလင် တောရိုင်း တိရစ္ဆာန် ကယ်ဆယ်ရေးနှင့် မွေးမြူရေး စင်တာသို့ ပြောင်းရွှေ့ပြီး နောက်ပိုင်း တရုတ်နိုင်ငံ အမြင့်ပိုင်းဒေသတွင် နေထိုင်သည့် ပထမဆုံးသော ပန်ဒါကြီးမျိုးများ ဖြစ်လာကြောင်း သိရသည်။

ပန်ဒါ ကျားကျား အား တွေ့ရစဉ် (ဆင်ဟွာ)

စင်တာမှ တိရစ္ဆာန် စီမံ ခန့်ခွဲရေး ဒါရိုက်တာ ဝမ်ဟိုင်ကျွင်း က ပန်ဒါများသည် ၎င်းတို့ စတင် ရောက်ရှိခဲ့သည့် ဇူလိုင်လ မှ ယခု အချိန်ထိ ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်းနှင့် နှင်းများဖြင့် ကစားရသည်ကို နှစ်သက်ပုံ ပေါ်ကြောင်း ပြောကြားခဲ့သည်။

ပန်ဒါများသည် များသောအားဖြင့် စီချွမ်နှင့် ရှားအန်ရှီး ပြည်နယ်ရှိ အပူပိုင်း မိုးသစ်တောများတွင် နေထိုင်လေ့ ရှိသော်လည်း ခြောက်သွေ့အေးချမ်းသည့် မြောက်ပိုင်း ဒေသများတွင် နေထိုင်လေ့ မရှိကြောင်း သိရသည်။

ဝမ်က ပန်ဒါများသည် အပူချိန် အနှုတ် ၁၀ ဒီဂရီ အောက်တွင် ကောင်းစွာ နေထိုင်နိုင်ပြီး ၎င်းတို့သည် နှင်းတောထဲတွင် နေထိုင်ရသည်ကို လွန်စွာ စိတ်လှုပ်ရှား တက်ကာ ပြုမူ နေထိုင်မှုများ ပိုမို ကောင်းမွန် လာကြောင်း သိရသည်။

၎င်းက ပန်ဒါများအား အစာကျွေးရန် အတွက် တစ်လလျှင် တရုတ်ယွမ် ၅၀,၀၀၀ ( အမေရိကန် ဒေါ်လာ ၇,၈၀၀) ခန့် ကုန်ကျကြောင်း သိရသည်။

ပန်ဒါများသည့် သုံးနှစ်တာ အချိန်အား တိရစ္ဆာန်ရုံတွင် ကုန်ဆုံးလေ့ရှိပြီး သုတေသီများ အနေဖြင့် ထိုအချိန်အတွင်း အချက်အလက်များ စုဆောင်းခြင်းနှင့် သားဖေါက်ခြင်း ဆိုင်ရာ စမ်းသပ်ချက်များ ကို ဆောင်ရွက် ကြကြောင်း ပြောကြားခဲ့သည်။ (Xinhua)