Connect with us

Environment, Disasters & Accidents

အင်ဒိုနီးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူသေဆုံးမှုများပြားသည့် ဆူနာမီ်နှင့်ပတ်သက်၍ သမ္မတရှီကျင့်ဖိန်က အင်ဒိုနီးရှားသမ္မတထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

ဆူနာမီကြောင့် ပျက်စီးဆုံးရှုံးမှုတချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် (Xi Jinping)က အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဆွန်ဒါရေလက်ကြား ရှိ ကမ်းရိုးတန်းဧရိယာတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဆူနာမီဖြစ်ပွားခဲ့မှု ကြောင့် လူအများအပြားသေဆုံးခဲ့မှု နှင့် ပတ်သက်၍ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို (Joko Widodo) ထံသို့ ဝမ်းနည်းကြောင်း ပေးပို့ခဲ့သည်။

၎င်းပြင်းထန်သည့် ဆူနာမီသတင်းနှင့် ပတ်သက်၍ လူအများအပြားသေဆုံးမှု နှင့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများအတွက် သမ္မတရှီအနေဖြင့် အလွန်တုန်လှုပ်ခဲ့ရကြောင်း ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

သမ္မတရှီ နှင့် တရုတ်နိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံရှိပြည်သူများအနေဖြင့် ဆူနာမီဖြစ်ပွားခဲ့သည့် ဒေသတွင် နေထိုင်ခဲ့သည့် ထိခိုက်ဒဏ်ရာရသူများ၊ ကျန်ရစ်သူမိသားစုများအပေါ် နက်ရှိုင်းစွာစာနာမိကြောင်း သမ္မတရှီမှ အင်ဒိုနီးရှားသမ္မတထံပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ပါရှိသည်။

အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်းနိုင်ငံဖြစ်ကြောင်း၊ အင်ဒိုနီးရှားပြည်သူများ ထိခိုက်ခံစားရမှုကို တရုတ်နိုင်ငံပြည်သူတွေ အနေဖြင့်လည်း ထပ်တူခံစားရကြောင်း သမ္မတရှီမှပြောကြားခဲ့သည်။

သမ္မတဝီဒိုဒို ၏ ကောင်းမွန်သည့် ခေါင်းဆောင်မှု နှင့် အင်ဒိုနီးရှားအစိုးရ ကို သမ္မတရှီအနေဖြင့် ယုံကြည်ကြောင်း၊ အင်ဒိုနီးရှားပြည်သူများအနေဖြင့် များမကြာမီတွင် အခက်အခဲများကိုကျော်လွန်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကိုဆောင်ရွက်နိုင်မည်ဟုယုံကြည်ကြောင်း သမ္မတရှီ၏ သဝဏ်လွှာတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.