Connect with us

Politics, Law & Military

တရုတ်နိုင်ငံက အမေရိကန်ရွေးကောက်ပွဲရလဒ်အပေါ် နိုင်ငံတကာဓလေ့ထုံးစံများနှင့်အညီ ပြုကျင့်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ပြောကြား

အမေရိကန်နိုင်ငံ Wilmington မြို့ Delaware တွင် နိုဝင်ဘာ ၇ ရက်က မိန့်ခွန်းပြောကြားနေသော အမေရိကန်ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဂျိုးဘိုင်ဒန်အားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံရွေးကောက်ပွဲရလဒ်အပေါ် နိုင်ငံတကာ ဓလေ့ထုံးစံများနှင့်အညီ လိုက်နာပြုကျင့်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတစ်ခု၌ တရုတ်နိုင်ငံအနေဖြင့် မည်သည့်အချိန်တွင် ဂုဏ်ပြုသဝဏ်လွှာတစ်စောင် ပေးပို့သွားရန်ရှိသနည်း ဆိုသည့် သတင်းထောက်တစ်ဦး၏ မေးခွန်းကို ပြန်လည်ဖြေကြားရာ၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ပင်း က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ မစ္စတာဘိုင်ဒန်ဟာ ရွေးကောက်ပွဲမှာအနိုင်ရကြောင်းကြေညာခဲ့တာကို ကျွန်တော်တို့ သတိပြုမိပါတယ် ၊ သမ္မတရွေးကောက်ပွဲရလဒ်ဟာ အမေရိကန်ဥပဒေနဲ့လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆုံးဖြတ်ရတယ်ဆိုတာကို ကျွန်တော်တို့ နားလည်သဘောပေါက်ပါတယ်” ဟုဝမ်က ဆိုသည်။
“ တရုတ်နိုင်ငံနဲ့အမေရိကန်နိုင်ငံဟာ ချိတ်ဆက်ဆောင်ရွက်မှု နဲ့ ညှိနှိုင်းဆွေးနွေးမှုကို တိုးမြှင့်လုပ်ဆောင်သွားဖို့ ၊ အခြေခံ အပြန်အလှန်လေးစားမှုအပေါ် မတူကွဲပြားချက်တွေကို စီမံဆောင်ရွက်ဖို့ ၊ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးဖို့ စတဲ့အချက်တွေ လုပ်ဆောင်သွားသင့်တယ်ဆိုတာကို ကျွန်တော်တို့အမြဲတမ်းယုံကြည်ထားတယ်” ဟု ၎င်း က ဆိုသည်။

ဆက်စပ်အကြောင်းအရာများအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် ခိုင်မာပြီး ရှင်းလင်းကြောင်း ဝမ်က ဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာ ၊ လုံခြုံရေး နှင့် အမျိုးသားအကျိုးစီးပွားများကို ထိန်းသိမ်းစောင့်ရှောက်သွားရန် ခိုင်မာစွာ သန္နိဌာန်ချမှတ် ထားကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။“ အမေရိကန်အစိုးရသစ်အနေနဲ့ လမ်းခုလပ်တစ်နေရာမှာ တရုတ်နိုင်ငံနဲ့တွေ့ဆုံလိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)