Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ အာဇာနည်နေ့အခမ်းအနားကို ထျန်းအန်းမင် ရင်ပြင်၌ ကျင်းပ

တရုတ်နိုင်ငံ ထျန်းအန်းမင်ရင်ပြည်၌ ကျင်းပသော တရုတ်အာဇာနည်နေ့ အခမ်းအနားမြင်ကွင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၃ဝရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ထိပ်တန်းအစိုးရခေါင်းဆောင်များသည် ပေကျင်းမြို့ရှိ ထျန်းအန်းမင်ရင်ပြင်၌ စက်တင်ဘာလ ၃ဝရက်တွင် ကျင်းပသည့် တရုတ် နိုင်ငံတော်လှန်ရေးကာလ အတွင်း ကျဆုံးသွားခဲ့ကြသူများအား ဂုဏ်ပြုသော အောက်မေ့ဖွယ် အာဇာနည်နေ့အခမ်းအနားကို အတူတကွ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခုနှစ်သည် ခရီးရှည် ချီတက်မှုအောင်မြင်ခြင်း နှစ် ၈ဝ ပြည့် နှစ်လည်း ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ တပ်နီတော်တွင်ပါဝင်ကြသော အလုပ်သမားများ နှင့် လယ်သမားများသည် ၁၉၃၄ ခုနှစ် မှ ၁၉၃၆ ခုနှစ်အတွင်း ခရီးရှည်ချီတက်ခြင်းကို အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည်။

တရုတ်အမျိုးသားနေ့တွင် တိုင်းပြည်၏ တတိယမြောက်အာဇာနည်နေ့ကိုလည်း ဂုဏ်ပြုသောအားဖြင့် ထျန်းအန်းမင်ရင်ပြင်ရှိ ပြည်သူ့သူရဲကောင်းများ အမှတ်တရအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ခရီးရှည်ချီတက်စဉ်အတွင်း ကျဆုံးသွားကြသော အာဇာနည်များ၏ မိသားစုဝင်များ နှင့် စစ်ပြန်ကြီးများ အလေးပြုရန် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်ငံ့ခေါင်းဆောင်များ နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကျဆုံးလေပြီးသော ပြည်သူ့သူရဲကောင်းများအား ပန်းပွင့်များဖြင့် ဂုဏ်ပြုခဲ့ကြကြောင်း သိရသည်။ အာဇာနည်ဆိုသည်မှာ တိုင်းပြည်လွတ်လပ်ရေး နှင့် အကျိုးစီးပွားအတွက် မိမိတို့၏ အသက်ခန္ဓာကို စွန့်လွှတ်ခဲ့ကြသူများဟူ၍ အစိုးရက အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ တရုတ်နိုင်ငံ၌ အာဇာနည်သူရဲကောင်း သန်းပေါင်း ၂ဝ ကျော်ရှိကြောင်း သိရသည်။ တိုင်းပြည်အရေးကိစ္စများအတွက် အသက်စွန့်လွှတ်ခဲ့ကြသူများကို အောက်မေ့ဂုဏ်ပြုရန်ရည်ရွယ်ပြီး တရုတ်ဥပဒေပြုလွှတ်တော်က စက်တင်ဘာလ ၃ဝ ရက်ကို တရုတ်နိုင်ငံ၏ အာဇာနည်နေ့အဖြစ် ၂ဝ၁၄ ခုနှစ်မှ စတင်ကာ သတ်မှတ်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.