Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နယ်ပယ်စုံတွင် တံခါးဖွင့်ဝါဒ တိုးချဲ့ရန် ဆောင်ရွက်ချက်အသစ်များကို ကြေညာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ရှန်ဟိုင်းမြို့တွင် ကျင်းပသော တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံသည် ရှန်ဟိုင်းမြို့တွင် ကျင်းပသော တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာ၌ နယ်ပယ်အားလုံးတွင် တံခါးဖွင့်ဝါဒ တိုးချဲ့ရန် ဆောင်ရွက်ချက်အသစ်များကို ကြေညာခဲ့သည်။

— တရုတ်နိုင်ငံသည် တံခါးဖွင့်ဝါဒ ရှေ့ပြေးခြေလှမ်းသစ်များကို ထောက်ပံ့အားပေးသွားမည်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် တံခါးဖွင့်ဝါဒဦးဆောင်မှုအောက်တွင် လွတ်လပ်သောကုန်သွယ်မှုဇုန်များနှင့် လွတ်လပ်သော ကုန်သွယ်မှုဆိပ်ကမ်းများ ရှေ့ပြေးဖော်ဆောင်မှု ဦးဆောင်အခန်းကဏ္ဍကို ဆက်လက်တွန်းအားပေးသွားမည် ဖြစ်သည်။ တရုတ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော် ဝန်ဆောင်မှုကုန်သွယ်ရေး ကန့်သတ်မှုစာရင်းကို မိတ်ဆက်သွားမည်ဖြစ်ပြီး ဒီဂျစ်တယ်စီးပွားရေးနှင့် အင်တာနက်ကဲ့သို့သော နယ်ပယ်များတွင် ပိုမိုကျယ်ပြန့်စွာ ဖွင့်လှစ်သွားမည် ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုနှင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး လွတ်လပ်မှုနှင့် လွယ်ကူချောမွေ့မှုများတွင် တီထွင်ဆန်းသစ်မှုကို နက်ရှိုင်းစွာဆောင်ရွက်သွားမည်ဖြစ်ကာ တံခါးဖွင့်စီးပွားရေးစနစ် ပိုမိုမြင့်မားသော စံနှုန်းများဖြင့် ပံ့ပိုးပေးရန် အဖွဲ့အစည်းဆိုင်ရာ တီထွင်ဆန်းသစ်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

— တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားကုန်သွယ်ရေး ကြီးထွားလာစေရန် ဖန်တီးမှုရှိသော နည်းလမ်းများကို လိုက်နာကျင့်သုံးသွားမည် ဖြစ်ပါသည်။ CIIE နှင့် အခြားသော တံခါးဖွင့်ဝါဒ ပလက်ဖောင်းများမှတစ်ဆင့် တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီများကို တရုတ်နိုင်ငံ၌ စီးပွားရေးအခွင့်အလမ်းများ ရှာဖွေရာတွင် ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ နိုင်ငံတကာကုန်သွယ်ရေးနှင့် ကမ္ဘာ့စီးပွားရေးတွင် တိုးတက်မှုများ မြှင့်တင်ခြင်းနှင့်အတူ နိုင်ငံခြားကုန်သွယ်မှု အလားအလာကြီးမားမှုကို ထိုးဖောက်သွားမည်ဖြစ်သည်။ နိုင်ငံခြားကုန်သွယ်ရေး မောင်းနှင်မှုအသစ် လျင်မြန်စွာမြှင့်တင်ရန် နယ်စပ်ဖြတ်ကျော် e-commerce နှင့် အခြားသော စီးပွားရေးသွင်ပြင်များနှင့် ပုံစံများကို တွန်းအားပေးသွားမည် ဖြစ်သည်။ နယ်စပ်တစ်လျှောက် နည်းပညာများ လွတ်လပ်စွာ စီးဆင်းနိုင်ရန်အတွက် သင့်တင့်လျောက်ပတ်သော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးတင်သွင်းရန် တားမြစ်ထားသော သို့မဟုတ် ကန့်သတ်ထားသော နည်းပညာစာရင်များ လျှော့ချပေးမည်ဖြစ်သည်။

— တရုတ်နိုင်ငံသည် နိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင် တိုးတက်မှုကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သည်။ ပြည်ပနှင့်ဆက်စပ်သော ဥပဒေမူဘောင်များ ပိုမိုပွင့်လင်းမြင်သာမှုရှိစေရး၊ ဉာဏမူပိုင်ခွင့်ကာကွယ်ရေးများ ခိုင်မာစေရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ ဥပဒေအရ အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်မှု ပိုမိုအားကောင်းစေရေး၊ စီးပွားရေးပတ်ဝန်းကျင် ပိုမိုတိုးတက်ရန် အရည်အသွေးမြင့်မားသော ဝန်ဆောင်မှုများနှင့်အတူ ၎င်းတို့ကို ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

— တရုတ်နိုင်ငံသည် နှစ်နိုင်ငံ၊ နိုင်ငံစုံနှင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ လိုက်နာသွားမည် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံများစွာနှင့် စံနှုန်းမြင့်မားသော လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များကို လက်မှတ်ရေးထိုးရန် အသင့်ရှိပါသည်။ တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်နိုင်ငံဆက်ဆံရေး (Regional Comprehensive Economic Partnership) ကို ဆောလျင်စွာ လက်မှတ်ရေးထိုးနိုင်ရေး၊ တရုတ်-အီးယူ ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်နှင့် တရုတ်-ဂျပန်-တောင်ကိုရီးယား လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များကို ဆွေးနွေးညှိနှိုင်းမှု အရှိန်မြှင့်တင်ရေး ဆောင်ရွက်သွားမည် ဖြစ်သည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်ရှိ အခြားသောနိုင်ငံများနှင့် စံနှုန်းမြင့်မားသည့် လွတ်လပ်သော ကုန်သွယ်မှုနယ်ပယ်များတွင် ပိုမိုဖလှယ်မှုများနှင့် အပြန်အလှန် လေ့လာမှုများ ဆောင်ရွက်နိုင်ရန် မျှော်လင့်ထားသည်။ ထို့ပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပြုပြင်ပြောင်းလဲမှုနှင့် ကုလသမဂ္ဂ၊ G20 ၊ APEC ၊ BRICS နှင့် အခြားသောနေရာများ၌ ပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွစွာ ဆောင်ရွက်သွားမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် အရည်အသွေးမြင့်မားသော ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် လူသားမျိုးနွယ်အတွက် အေးအတူ၊ ပူအမျှ အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ဆက်စပ်သောနိုင်ငံများနှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.