Connect with us

Politics, Law & Military

တရုတ် နိုင်ငံခြားရေးဝန်ကြီး က နိုင်ငံအသီးသီး အနေဖြင့် အခြားနိုင်ငံ ပြည်တွင်းရေး ကို ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရန် အထူးပြောကြား

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ နှင့် ဂျာမနီ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Heiko Maas အတူတကွ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ဘာလင် ၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က စက်တင်ဘာ ၁ ရက် ၌ ဂျာမနီ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Heiko Maas နှင့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ကျင်းပ စဥ် သတင်းထောက်များက ဟောင်ကောင် နှင့် ရှင်းကျန်း နှင့် သက်ဆိုင်သော ကိစ္စရပ်များအပေါ် မေးမြန်းခဲ့ကြသည်။

အဆိုပါ မေးမြန်းမှုများနှင့် ပတ်သက်၍ ဝမ်ရိ က ပထမ ဦးစွာ ကိန်းဂဏန်း နှင့် လက်တွေ့ ဖြစ်ရပ်များဖြင့် တရုတ် နိုင်ငံ မှ ဟောင်ကောင် အမျိုးသားလုံခြုံရေး ဥပဒေ သတ်မှတ်ခြင်း နှင့် ဟောင်ကောင် တရားဥပဒေ စိုးမိုးရေး ပတ်ဝန်းကျင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း တို့၏ မှန်ကန်ပြီး ကျိုးကြောင်းဆီလျော်မှု တို့ကို ရှင်းလင်းပေးခဲ့ကြောင်း ၊ ရှင်းကျန်း တွင် အစွန်းရောက် ပပျောက်ရေး တွန်းအားပေး ဆောင်ရွက်မှု ၏ ထိရောက်မှု တို့ကို ပြောခဲ့ကြောင်း ၊ တရုတ် နိုင်ငံ မှ ဆောင်ရွက်ခဲ့သည့် မူဝါဒ များသည် ဟောင်ကောင် ရှိ ပြည်သူများ အပြင် တရုတ် နိုင်ငံ ရှိ တိုင်းရင်းသားလူမျိုး အသီးသီး ၏ ကျယ်ပြန့်စွာ ဝန်းရံမှု နှင့် ထောက်ခံမှု ကို ရရှိခဲ့ကြောင်း ၊ ယခုအကြိမ် ဥရောပ ခရီးစဉ် တွင် သဘောတူညီမှုများစွာ ရရှိခဲ့ပြီး အချို့သောသူများက တရုတ် နိုင်ငံ ၏ ဟောင်ကောင် နှင့် ရှင်းကျန်း ကိစ္စရပ်များနှင့် ပတ်သက်၍ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း ၊ သို့သော် ၎င်းတို့က ဦးစွာ တရုတ် နိုင်ငံ ၏ အချုပ်အခြာ အာဏာ ကို လေးစားသည် ဟု ပြောကြားခဲ့ကြသလို တရုတ် နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိုစိတ် မရှိဟု ပြောကြား ခဲ့ကြကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

ဝမ်ရိ က ယခု သတင်းစာ ရှင်းလင်းပွဲ တွင် အချက် သုံးချက် ပြောကြားလိုကြောင်း ၊ ပထမ အချက် အနေဖြင့် တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ဆက်ဆံမှု ပြုလုပ်ရာ တွင် အပြန်အလှန် လေးစားမှု ထားရှိပြီး အခြား နိုင်ငံ ပြည်တွင်းရေး အား ဝင်ရောက်စွက်ဖက်မှု မပြုလုပ်သည့် ရပ်တည်မှု ရှိရမည် ဖြစ်ကြောင်း ၊ ယင်း မှာ နိုင်ငံတကာ ဆက်ဆံရေး ၏ အခြေခံ သတ်မှတ်ချက် ဖြစ်ပြီး ကုလသမဂ္ဂ ပိဋိညာဉ်စာတမ်း ၏ သတ်မှတ်ချက်လည်း ဖြစ်ကြောင်း ၊ ယင်းအခြေခံအောက်တွင် တရုတ် နိုင်ငံ အနေဖြင့် မည်သည့် နိုင်ငံ နှင့် မဆို အပြန်အလှန် စိတ်ဝင်စားသည့် ကိစ္စရပ်များ အပေါ် ဆွေးနွေးမှု ပြုလုပ်နိုင်ပြီး အပြန်အလှန် နားလည်မှု ကို တိုးပွားစေလိုကြောင်း ၊ ဒုတိယ အချက် အနေဖြင့် တရုတ် နိုင်ငံ ဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်၍ လေ့လာသုံးသပ်ရာတွင် လက်တွေ့ဖြစ်ရပ်မှန် အပေါ် အခြေခံ၍ ကြားစကားကို မယုံကြည်ရဘဲ စွပ်စွဲပြောဆိုမှု ထပ်ဆင့် စွပ်စွဲပြောဆိုမှု မပြုလုပ်သင့်ကြောင်း ၊ ကောလာဟလ များအား ဖြန့်ဝေခြင်း သည် လွန်စွာ တာဝန်ယူမှု မရှိသော ဆောင်ရွက်ချက်ဖြစ်ပြီး တရုတ် နိုင်ငံ ရှိ သန်းပေါင်းများစွာသော ပြည်သူတို့၏ ကြိုးပမ်းအားထုတ်မှု အပေါ် မလေးစားခြင်း ဖြစ်ကြောင်း ၊ တတိယ အချက်အနေဖြင့် တရုတ် နိုင်ငံ က ကမ္ဘာ့ နိုင်ငံ အသီးသီး မှ မိတ်ဆွေများ အား ရှင်းကျန်း စသည့် ဒေသများသို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်လိုပြီး တရုတ် နိုင်ငံ အနေဖြင့်လည်း ကမ္ဘာ့နိုင်ငံပေါင်း ၉၀ ကျော် မှ အဖွဲ့အစည်းများ ရှင်းကျန်း သို့ လာရောက် လေ့လာရန် ဖိတ်ခေါ်ခဲ့ပြီး ဖြစ်ကြောင်း ၊ ၎င်းတို့၏ နိုင်ငံရေး ရပ်တည်မှု က မတူညီကြ သော်လည်း ၎င်းတို့အားလုံး က ရှင်းကျန်း တွင် မြင်တွေ့ခဲ့ရသည်များ က ၎င်းတို့ ကြားသိထားသည် နှင့် မတူညီဟု ယူဆကြကြောင်း ၊ တရုတ် နိုင်ငံ က တံခါးဖွင့်ထားပြီး ကမ္ဘာ့နိုင်ငံ အသီးသီး မှ မိတ်ဆွေများ ကိုယ်တိုင် တရုတ် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နှင့် ပြောင်းလဲမှု ကို လာရောက် ခံစားသိရှိစေ လိုကြောင်း ၊ သို့သော် အပြစ်မြင်သည့် သဘောထားမျိုးဖြင့် အပြစ်ရှိသည် ဟု သတ်မှတ်ထား သော စိတ်ထားရှိသူများကို ရှင်းကျန် တိုင်းရင်းသား လူမျိုးအသီးသီး က မကြိုဆိုကြောင်း ပြောကြား ခဲ့သည်။  (Xinhua)