Connect with us

Politics, Law & Military

တရုတ် နိုင်ငံ တွင် ကျင်းပ လျက်ရှိသော အစည်းအဝေး နှစ်ရပ် မှ ထင်ရှားသည့် ပြောဆို တင်ပြချက်များ

၁၂ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသားကော်မတီ ၅ ကြိမ်မြောက်အစည်းအဝေး မြင်ကွင်း(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ တွင် ကျင်းပ ပြုလုပ် လျက်ရှိသော ၁၂ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ (CPPCC) အမျိုးသားကော်မတီ ၅ ကြိမ်မြောက်အစည်းအဝေး နှင့် ၁၂ကြိမ်မြောက် တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက်(NPC) ၅ ကြိမ်မြောက်အစည်းအဝေး တွင် ကိုယ်စားလှယ် အချို့ မှ ပြောကြားခဲ့သော ထင်ရှား သည့် မိန့်ခွန်းများအနက်မှ အချို့ကို ကောက်နှုတ်ဖော်ပြ အပ်ပါသည်။

NPC ကိုယ်စားလှယ် လင်ဆူးချိန် (Lin Shucheng) က “ဆင်းရဲနွမ်းပါးမှု ကို ထိရောက်စွာ ကူညီဆောင်ရွက်မှသာ ၊ ပြည်သူလူထု ၏ အမှန်တကယ် ထောက်ခံအားပေးမှုကို ရရှိမည်” ဟုပြောကြား ခဲ့သည်။

NPC ကိုယ်စားလှယ် ဖိန်ကျန်ဝူ (Peng Jianwu) က “တာဝန်ယူလိုသည့် စိတ် နှင့် ပေးဆပ်ဆောင်ရွက်လိုသည့် သဘောထား ဖြင့် အင်အားတောင့်တင်းသည့် ‘တရုတ်နိုင်ငံ စိတ်နေသဘောထား’ ကို တည်ဆောက်ရမည်” ဟုပြောကြား ခဲ့သည်။

CPPCC ကိုယ်စားလှယ် ဖန်လူစိန်း (Pan Lusheng) က “အားလုံး၏ အသိပညာ နှင့် အင်အား ကို စုစည်းပြီး ကျွန်တော်တို့ နိုင်ငံတော်ကြီး ကို ပိုမို တောင့်တင်းပြည့်စုံသော နိုင်ငံတော် အဖြစ်တည်ဆောက်အံ့” ဟု ပြောကြား ခဲ့သည်။

NPC ကိုယ်စားလှယ် ကျုံးယွင်ကျယ် (Zhou Yunjie) က “အဓိက မှာ တီထွင်စမ်းသစ်ခြင်းဖြစ်ပြီး အားလုံးဟာ အစမှတ်တွင် ရှိနေကာ အားလုံးဟာ လမ်းကြောင်းပေါ်မှာရှိနေဆဲ” ဟုပြောကြား ခဲ့သည်။

NPC ကိုယ်စားလှယ် လီတုန်းစိန်း(Li Dongsheng) က “အောင်မြင်မှု ရမရဆိုတာ သင်၏ စောင့်ဆိုင်းမှု နှင့် ဇွဲလုံးလ အပေါ်မူတည်တယ်” ဟုပြောကြား ခဲ့သည်။

NPC ကိုယ်စားလှယ် ယန်ဖိန် (Yan Ping) က “တီထွင်စမ်းသစ်မှုသာ ဆတိုးအောင်မြင်မှု ကိုရရှိစေမှာဖြစ်ပြီး ဆက်စပ် အောင်မြင်မှုများကို ရရှိနိုင်မှာဖြစ်တယ်” ဟုပြောကြား ခဲ့သည်။

CPPCC ကိုယ်စားလှယ် ရွှီကွမ်ကျိ (Xu Guanju) က “စိန်ခေါ်မှု ဘယ်လောက်ရင်ဆိုင်လျင် အခွင့်အရေး ဘယ်လောက်ရရှိမှာဖြစ်တယ်” ဟုပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.