Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အီရန်သို့ရောက်ရှိ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဇန်နဝါရီလ ၂၂ ရက် ညနေပိုင်းတွင် အီရန် နိုင်ငံသို့ရောက်ရှိ လာစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီလ ၂၂ ရက် ညနေပိုင်းတွင် အီရန်နိုင်ငံသို့ရောက်ရှိခဲ့ကြောင်း နှင့် ယခု ခရီးစဉ်သည် နှစ်နိုင်ငံကြား စီးပွားရေး ညှိနှိုင်း ဆွေးနွေးမှု နှင့် ချစ်ကြည်ရင်းနှီးမှု အစဉ်အလာများ ပိုမို မြှင့်တင်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ရှီ၏ အီရန် ခရီးစဉ်သည် ၁၄ နှစ်တာ ကာလအတွင်း တရုတ်နိုင်ငံ ခေါင်းဆောင် တစ်ယောက်၏ ပထမဆုံး ခရီးစဉ် ဖြစ်ကြောင်း သိရသည်။

ရှီ သည် ဇန်နဝါရီလ ၂၃ ရက် တွင် အီရန် သမ္မတ Hassan Rouhani နှင့် တွေ့ဆုံ သွားမည်ဖြစ်ပြီး နှစ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုး တိုးတက်မှု ဗျူဟာများ နှင့် နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေး အတွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရှီ၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံလုံးသည် ၎င်းတို့၏ ဆက်ဆံရေးအား ပြီးပြည့်စုံသည့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး အဖြစ် တိုးမြှင့်နိုင်မည်ဟု မျှော်လင့်ကြောင်း သိရသည်။

ရှီသည် ခရီးစဉ်အတွင်း အီရန် လွှတ်တော် ဥက္ကဋ္ဌ Ali Larijani နှင့် ခေါင်းဆောင်ကြီး Ayatollah Ali Khamenei တို့နှင့်လည်း တွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် အီရန်နိုင်ငံသည် ၁၉၇၁ ခုနှစ် မှစ၍ သံတမန် ဆက်ဆံရေး ရှိခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးသည် အစဉ် တိုးတက်လျက် ရှိကြောင်း သိရသည်။

အပြန်အလှန် ကုန်သွယ်မှု အနေဖြင့် ၁၉၇၀ ပြည့်လွန် နှစ်များတွင် အမေရိကန် ဒေါ်လာ သန်းပေါင်း ဆယ်ဂဏန်း ကျော်သာ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅၁.၈ ဘီလီယံ အထိ တိုးတက်လာပြီး ခြောက်နှစ် ဆက်တိုက် တရုတ်နိုင်ငံသည် အီရန်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်လာကြောင်း သိရသည်။

ရှီ၏ ငါးရက်ကြာ ခရီးစဉ် သည် ဇန်နဝါရီလ ၂၃ ရက် ညနေပိုင်းတွင် ပြီးဆုံးမည် ဖြစ်ကြောင်း နှင့် သမ္မတရှီ အနေဖြင့် သမ္မတ တာဝန် စတင် ထမ်းဆောင်ခဲ့သည့် ၂၀၁၃ ခုနှစ်မှ စ၍ ယခုကဲ့သို့ အရှေ့အလယ်ပိုင်း ဒေသသို့ သွားရောက်ခြင်းမှာ ပထမဆုံး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.