Connect with us

Politics, Law & Military

ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄ဝ ပြည့် ညီလာခံသို့ သမ္မတရှီ တက်ရောက်မည်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပေကျင်းမြို့တော်၌ ဒီဇင်ဘာ၁၈ ရက်တွင် ကျင်းပမည့် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄ဝ ပြည့်အခမ်းအနား ညီလာခံသို့တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်း ဖြစ်သူ သမ္မတရှီသည် ဒီဇင်ဘာ ၁၈ ရက် နံနက် ၁ဝ နာရီတွင် ပေကျင်းမြို့မဟာပြည်သူ့ခန်းမ(Great Hall of the People)၌ ကျင်းပမည့် ညီလာခံတွင် အဖွင့်မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို တရုတ်မီဒီယာဂရု(China Media Group) နှင့် ဆင်ဟွာသတင်းအေဂျင်စီ၏ ဝက်ဆိုက်ဒ်(xinhuanet.com) တို့တွင် တိုက်ရိုက် Live ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ထို့ပြင် အခမ်းအနားမြင်ကွင်းများကို တရုတ်နိုင်ငံ၏ အဓိက သတင်းဝက်ဆိုက်ဒ်စာမျက်နှာများဖြစ်သော people.com.cn ၊ cctv.com နှင့် china.com.cn တို့အပါအဝင် People’s Daily ၊ Xinhua News Agency နှင့် China Central Television တို့တွင်လည်း နောက်ခံစကားပြောဖြင့် ထပ်ဆင့်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)