Connect with us

Politics, Law & Military

အမိမြေသို့မကာအို ပြန်လည်ရောက်ရှိခြင်း ၁၉ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ


မကာအို ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) အစိုးရအဖွဲ့သည် အမိမြေသို့မကာအိုပြန်လည်ရောက်ရှိခြင်း ၁၉ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင်ကျင်းပခဲ့ပြီး နိုင်ငံတကာစီတန်းလှည့်လည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါစီတန်းလှည့်လည်ပွဲကို ဂျပန် ၊ ဘရာဇီး ၊ စပိန် ၊ အီတလီ ၊ ပေါ်တူဂီ ၊ ပြင်သစ် ၊ မိုဇမ်ဘစ် ၊ မလေးရှား နှင့်အခြား နိုင်ငံများမှ ဖျော်ဖြေရေးအဖွဲ့များအပါအဝင် တရုတ်နိုင်ငံပြည်မ ၊ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသများ မှ အဖွဲ့ပေါင်း ၇ဝ ကျော် ပါဝင်ချီတက်ခဲ့ကြသည်။

အမိမြေသို့ မကာအို ပြန်လည်ရောက်ရှိခြင်း ၁၉ နှစ်မြောက် နှစ်ပတ်လည်နေ့ စီတန်းလှည့်လည်ပွဲ ကျင်းပနေစဉ်(ဆင်ဟွာ)

စီတန်းလှည့်လည်သူများက အုပ်စုလိုက်အကများ ၊ ဂျွမ်းဘားအကများ ၊ ကုလားမခြေထောက်လမ်းလျှောက်ခြင်းများ ၊ တရုတ်ရိုးရာကိုယ်ခံပညာများ နှင့် ရုပ်သေးဖျော်ဖြေပွဲများလည်း တင်ဆက်ခဲ့ကြသည်။

စီတန်းလှည့်လည်ပွဲကို St.Paul လမ်းမမှ အစပြုခဲ့ပြီး Sai Van Lake Square ရင်ပြင်တွင် အဆုံးသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စီတန်းလှည့်လည်ပွဲသည် ၂ဝ၁၁ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့သော မကာအို၏ အထင်ကရ အဓိက ယဉ်ကျေးမှုပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ယင်းအခမ်းအနားကို မကာအိုယဉ်ကျေးမှုရေးရာဗျူရို နှင့် မကာအိုအစိုးရခရီးသွားလုပ်ငန်းရုံးတို့မှ ပူးပေါင်းစီစဉ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.