Connect with us

Politics, Law & Military

ရှေ့သို့ချီတက်နေသော တရုတ်နိုင်ငံနှင့်ပြည်သူများကို မည်သည့်တွန်းအားကမျှ ရပ်တံ့ပစ်နိုင်မည်မဟုတ်ကြောင်းသမ္မတရှီပြော

တရုတ်နိုင်ငံနှစ်၇၀ပြည့်အမျိုးသားနေ့တွင် သမ္မတရှီကျင့်ဖိန် မိန့်ခွန်းပြောကြားစဉ်(ဆင်ဟွာ)

ပေကျင်း၊အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

ရှေ့သို့ချီတက်နေသော တရုတ်နိုင်ငံနှင့် ပြည်သူများ(သို့မဟုတ်)တရုတ်နိုင်ငံ၏တည်ရှိမှုကိုလှုပ်ခတ်ရန် မည်သည့်တပ်ဖွဲ့ကမျှလုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖိန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်းနှစ် ၇၀ ပြည့်အခမ်းအနား၌ မိန့်ခွန်းပြောကြားစဉ်ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးနှင့်ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်သူ ရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားစဉ် လွန်ခဲ့သောဆယ်စုနှစ် ခုနှစ်ခုကျော်မှစတင်ကာ ပြင်းပြင်းထန်ထန်ကြိုးပမ်းအားထုတ်ခဲ့မှု နှင့် ရုန်းကန်ခဲ့မှုများကြောင့် မျိုးနွယ်စုအားလုံးမှတရုတ်ပြည်သူများသည်ကြီးမားသော အောင်မြင်မှုကိုစွမ်းဆောင်နိုင်ခဲ့ပြီးကမာ္ဘကိုအံ့အားသင့်စေခဲ့ကြောင်း ပြောကြားခဲ့သည်။(Xinhua)