Connect with us

Politics, Law & Military

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွင်းရေးမှူးဌာနများ၊ ညှိနှိုင်းဆောင်ရွက်ရေးရုံးများ၏ လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားအား ပေကျင်းမြို့တွင် ကျင်းပ

လေ့ကျင့်ရေးသင်တန်းတွင် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်(လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ တရုတ်နိုင်ငံ အတွင်းရေးမှူးရုံး)

ပေကျင်း ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွင်းရေးမှူးဌာနများ၊ ညှိနှိုင်းဆောင်ရွက်ရေးရုံးများ ၏ လေ့ကျင့်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၇ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ကျန်းကျိုက်တုန်း ၊ တရုတ်နိုင်ငံဆိုင်ရာ လာအို သံအမတ်ကြီး ဝမ်တိ၊ ပေကျင်းနိုင်ငံခြား ဘာသာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးကောလိပ် ကျောင်းအုပ်ဆရာကြီး လီယုံဝေးနှင့် တရုတ်နိုင်ငံဆိုင်ရာ ကမ္ဘောဒီယား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်သံရုံးများမှ ကိုယ်စားလှယ် များ၊ သင်တန်းသား/သူများ၊ မီဒီယာ ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲ အဖွင့်အမှာစကားပြောကြားရာတွင် ဒုတိယညွှန်ကြားရေးမှူး မစ္စတာ ကျန်းကျိုက်တုန်း က လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စတင်သည့် အချိန်တို ၂ နှစ်ကျော်ကြာကာလအတွင်းတွင် မဲခေါင်မြစ်ဒေသခွဲများ၏ လှုပ်ရှားမှုအများဆုံး ၊အလားအလာအကောင်းမွန်ဆုံး ပူးပေါင်းဆောင် ရွက်မှုများအနက် တစ်ခု အပါအဝင် ဖြစ်လာကြောင်း၊ ယခုကျင်းပသည့် သင်တန်းမှာ ဒုတိယအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေးမှရရှိသော သဘောတူညီချက် များကို လက်တွေ့အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးတက် မြှင့်မားလာ စေရန် လိုအပ်သည့်ဆောင်ရွက်ချက်ပင်ဖြစ်ကြောင်း ၊တရုတ်နိုင်ငံအနေဖြင့် လေ့ကျင့်ရေး သင်တန်း များကို သိသာထင်ရှားသည့်အကျိုးရှိစေရန် အထူးအလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လာအို သံအမတ်ကြီး ဝမ်တိ က လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုအခြေအနေကို အထူးအားရကျေနပ်မိကြောင်း၊ ထိုသို့ပူးပေါင်းဆောင်ရွက်ရာတွင် တရုတ်နိုင်ငံက အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ယခုလေ့ကျင့်ရေးသင်တန်းသည် ၆ နိုင်ငံ အတွင်းရေးမှူးဌာနများ၊ ညှိနှိုင်းဆောင်ရွက်ရေးရုံးများ၏စွမ်းရည်နှင့်ညှိနှိုင်းဆောင်ရွက်မှုစနစ်များကို မြှင့်တင်ပေးရာရောက် ကြောင်း၊ လာအိုနိုင်ငံကလည်း တရုတ်နိုင်ငံ၊အခြားမဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့်အတူ ထိပ်သီးဆွေးနွေးပွဲ ၏သဘောတူညီချက်များ ကြိုးစား အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ရှာဖွေကာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားပြီး လျန်ချန်း-မဲခေါင်ဒေသ ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအကျိုးကို သယ်ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပေကျင်းနိုင်ငံခြား ဘာသာတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးကောလိပ် ကျောင်းအုပ် ဆရာကြီး လီယုံဝေးက အမှာစကားပြောကြားရာ ၎င်းက ပေကျုင်းနိုင်ငံခြားဘာသာတက္ကသိုလ်သည် ဘာသာ စကားအားသာချက်ရှိသောကြောင့် နိုင်ငံတကာနှင့်လိုက်လျောညီထွေမှုရှိကြောင်း၊ ယခု တာဝန်ယူ ကျင်းပသည့် လေ့ကျင့်ရေးသင်တန်းနှင့် ကျောင်း၏သုတေသနအားထုတ်မှုများကို ကြည့်ပြီး မဲခေါင် မြစ်ဝှမ်း ၅ နိုင်ငံဘာသာစကား ကျွမ်းကျင်သူများကို ပျိုးထောင်ပေးသွားမည်ဖြစ်ကြောင်း ၊ ထိုမှတစ် ဆင့် လန်ချန်း-မဲခေါင်ဒေသခွဲဆိုင်ရာ သုတေသနများ နှင့် ပူးပေါင်းဆောင်ရွက်မှုများကို အထောက် အပံ့ပြုလုပ်သွားလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသားများကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့်နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုဌာန ဒုတိယညွှန်ကြားရေးမှူး ဟန်စုဖီကလည်း သင်တန်းဖြစ်မြောက်အောင် စနစ်တကျ စီစဉ်ပေးသည့် တရုတ်နိုင်ငံအား အထူးကျေးဇူးတင်ရှိကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု သည် နိုင်ငံကြီးနှင့်နိုင်ငံငယ်အကြား တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် စိန်ခေါ်မှုများကို အတူလက်တွဲ ရင်ဆိုင်ဖြေရှင်းသည့် စံပြနမူနာတစ်ခုဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းက မဲခေါင်ဒေသခွဲရှိပြည်သူ များ၏အကျိုးကို လက်တွေ့သယ်ဆောင်ပေးခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့်လည်း ပူးပေါင်း ဆောင်ရွက်မှုကို အထူးပင်အလေးထားကြောင်း၊ ယခုသင်တန်းတွင် အတွေ့အကြုံများမျှဝေပြီး ပူးပေါင်း ဆောင်ရွက်မှုကိုတိုးမြှင့်ကာ အာဆီယံအကျိုးတူအသိုက်အဝန်းတစ်ခု တည်ဆောက်သွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားပါဝင်တက်ရောက်သောဧည့်သည်တော်များက ပေကျင်းနိုင်ငံခြားဘာသာ တက္ကသိုလ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သုတေသနဌာနစင်တာအား ဆိုင်းဘုတ် ဖွင့်ပေးခဲ့ပါသည်။ ဆက်လက်ပြီး တက္ကသိုလ် ကျောင်းသား/သူများကလည်း ၆ နိုင်ငံ ယဉ်ကျေးမှု အနုပညာအကပဒေသာများနှင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်းနိုင်ငံ ၅ နိုင်ငံ အတူ လုပ်ဆောင်သည့် ဒေသခွဲပူးပေါင်းဆောင်ရွက်မှုဆိုင်ရာပလက်ဖောင်းသစ် ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံ ၆ နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်ရန် ၊ ဒေသခွဲ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်၊ဒေသပေါင်းစည်းမှုကို အားသစ်လောင်းပေးနိုင်စေရန် ရည်ရွယ် ဆောင် ရွက်ခြင်းဖြစ်သည်။ထို့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား စီးပွားရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှုများ ကို တွန်းအားပေးဆောင်ရွက်ခြင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂ၏ ၂၀၃၀ ခုနှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလည်းဖြစ်သည်။

ယခုကျင်းပသည့်လေ့ကျင့်ရေးသင်တန်းကို ၁၂ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ တရုတ်နိုင်ငံ အတွင်းရေးမှူးရုံးမှ ကြီးမှူးကျင်းပကာ ပေကျင်းနိုင်ငံခြားဘာသာ တက္ကသိုလ်၊ ဆန်းကျန့်မြို့ပြည်ပဆက်ဆံရေးဌာနမှ တာဝန်ယူကျင်းပကြောင်းသိရသည်။ ၆နိုင်ငံ အတွင်းရေးမှူးဌာနများနှင့်သက်ဆိုင်ရာဌာနများမှလာသော သင်တန်းသားများသည် ပေကျင်းနှင့် ဆန်းကျန့်တွင် လေ့ကျင့်ရေးသင်တန်းတက်ရောက်ခြင်း၊ဆွေးနွေးဖလှယ်ခြင်းနှင့် လက်တွေ့ကွင်းဆင်း လေ့လာခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.