Connect with us

Politics, Law & Military

အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၃ နှစ်မြောက်အခမ်းအနား ကျင်းပ

အမိမြေသို့ ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၃ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကျင်းပရာ ဟောင်ကောင်ကျွန်းပေါ်ရှိ Golden Bauhinia ရင်ပြင်၌ တရုတ်နိုင်ငံအလံတော်အား လွှင့်ထူထားစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဟောင်ကောင်မြို့တွင် အမိမြေသို့ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၃ နှစ်မြောက်အခမ်းအနားကို ယနေ့ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဒေသစံတော်ချိန် ယနေ့နံနက် ၈ နာရီက ဟောင်ကောင်ကျွန်းပေါ်ရှိ Golden Bauhinia ရင်ပြင်၌ ကျင်းပသော အခမ်းအနားတွင် တရုတ်နိုင်ငံတော်အလံလွှင့်ထူမှု နှင့် နိုင်ငံတော်သီချင်းသီဆိုမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ အလံတင်အခမ်းအနား၌ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူးကယ်ရီလမ်း(Carrie Lam) က မိန့်ခွန်းပြောကြားရာတွင် အမိမြေသို့ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း နှစ်ပတ်လည်နေ့အခမ်းအနား၏ ထူးခြားအရေးပါမှု နှင့် အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေသစ်တစ်ခုက ဟောင်ကောင်တွင် တည်ငြိမ်မှုကို ပြန်လည်ထိန်းသိမ်းရန် ကူညီပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလုံခြုံရေးထိန်းသိမ်းစောင့်ရှောက်မှုဥပဒေကို တရုတ်နိုင်ငံ ထိပ်တန်းဥပဒေပြုလွှတ်တော်ဖြစ်သော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ၏ ၂၀ ကြိမ်မြောက် အစည်းအဝေး၌ အတည်ပြုပြဌာန်းခဲ့ကြောင်း နှင့် ယင်းဥပဒေသည် ဇွန် ၃၀ ရက် ည ၁၁ နာရီတွင် စတင်အသက်ဝင်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)