Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ တရုတ်နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး ၌ ပြုလုပ်သော နှစ်သစ်ကူးတွေ့ဆုံပွဲ၌ ဖေဖော်ဝါရီ ၁၄ရက်တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နှင့် နိုင်ငံတော်ကောင်စီ ၏ ကိုယ်စား တရုတ်နိုင်ငံ ပြည်သူများအားလုံးထံ ဖေဖော်ဝါရီ ၁၄ရက်တွင် နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

တရုတ်နိုင်ငံကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ လည်း ဖြစ်သော ရှီ က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး ၌ ပြုလုပ်သော နှစ်သစ်ကူးတွေ့ဆုံပွဲတွင် မိန့်ခွန်းပြောကြားခဲ့ပြီး တရုတ်ပြည်မကြီး အပါအဝင် ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ဒေသ နှင့် နိုင်ငံရပ်ခြားမှ တရုတ်လူမျိုးများ ထံ နှစ်သစ်နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

နွေဦးပွဲတော် (သို့) နှစ်သစ်ကူးပွဲတော်သည် တရုတ်လူမျိုးတိုင်းအတွက် အရေးကြီးသော ရိုးရာပွဲတော်တစ်ခုဖြစ်ပြီး မိသားစုတွေ့ဆုံပွဲများ၊ စားသောက်ပွဲများ၊ ဖျော်ဖြေပွဲများ ကျင်းပကြသည့် အခါသမယလည်းဖြစ်သည်။ တရုတ်နှစ်သစ်ကူးပွဲတော်သည် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၁၆ရက်တွင် ကျရောက်မည်ဖြစ်သည်။

နှစ်သစ်ကူးတွေ့ဆုံပွဲတွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အခြားအဆင့်မြင့် ခေါင်းဆောင်များဖြစ်သော ကျန်းတယ်ကျန်း၊ ယွီကျန့်စန်း၊ ကျန်းကောလိ၊ လီကျန်ဆူး၊ ဝမ်းယန်၊ ဝမ်ဟုနင်း၊ ကျိုလဲ့ကျိ နှင့် ဟန့်ကျိန်း တို့ကလည်း တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဧည့်သည်တော် ၂,၀၀၀ဦးအား နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ခေတ်သစ်ကို အလုပ်ကြိုးစားမှု နှင့် တည်ဆောက်

တရုတ်နိုင်ငံသမ္မတ ရှီက ခေတ်သစ်တွင် တရုတ်ပြည်သူများ အလုပ်ကြိုးစားကြရန် အားပေးတိုက်တွန်းခဲ့ပြီး ကြိုးပမ်းအားထုတ်မှုများ နှင့် တည်ဆောက်ထားသော ဘဝသည်သာလျှင် ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေနိုင်မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ရှီက “ကျွနု်ပ်တို့၏ ကြိုးပမ်းဆောင်ရွက်မှုများတွင် အခက်အခဲ၊ အတားအဆီးများ ရှိနေနိုင်သော်လည်း ၎င်းတို့ကို ရင်ဆိုင်ဖြေရှင်းခြင်းက ကျွန်ုပ်တို့၏ စိတ်ဝိဉာဉ်များကို သန့်ရှင်းစင်ကြယ်စေပြီး သစ္စာရှိမှုကို ပိုမိုခိုင်မာလာစေပါတယ်” ဟုပြောကြားခဲ့သည်။

တရုတ်သွင်ပြင်လက္ခဏာများနှင့်ဆိုရှယ်လစ်ဝါဒ ကို ထိန်းသိမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ကောင်းစွာကြိုးပမ်းလုပ်ဆောင်ခြင်း သည် အားထုတ်ကြိုးပမ်းမှုရှိသော မျိုးဆက်များစွာကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ရှီကပြောကြားခဲ့သည်။

၎င်းက CPC အဖွဲ့ဝင်များအနေဖြင့် ပိုမိုကောင်းမွန်သည့် ဘဝတွင် နေထိုင်လိုသော ပြည်သူများ၏ ဆန္ဒကို အာရုံစိုက်၍ လုပ်ဆောင်ကြရမည်ဖြစ်သည့်အပြင် ပြည်သူများနှင့်အတူ ပြည်သူများအတွက်ရင်ဆိုင်ဖြေရှင်းရန် အမြဲအသင့်ရှိနေရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

၂၀၁၇ခုနှစ် အောက်တိုဘာလတွင် ကျင်းပသော ၁၉ကြိမ်မြောက် CPC အမျိုးသားညီလာခံ ၌ ပါတီက တရုတ်သွင်ပြင်လက္ခဏာများ နှင့် ဆိုရှယ်လစ်ဝါဒ သည် ဆယ်စုနှစ်များစွာ ကြိုးပမ်းဆောင်ရွက်မှုများဖြင့် အခက်အခဲများကို ကျော်ဖြတ်၍ ခေတ်သစ်သို့ ဝင်ရောက်လာပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

တိုးတက်မှုဖြစ်စဉ်များကို ချီးကျူးဂုဏ်ပြု

၂၀၁၇ခုနှစ်အတွင်း တရုတ်ပြည်သူများ၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ရရှိခဲ့သော အောင်မြင်မှု ရလဒ်များကို ပြန်လည်သုံးသပ်ရင်း ရှီက အချိန်သည် ဓမ္မဓိဋ္ဌာန်အကျဆုံးသော သက်သေတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲမှု၊ ဥပဒေအခြေပြု အုပ်ချုပ်ရေးစနစ် အဆင့်မြှင့်တင်မှု၊ ပြည်သူများ၏ ဘဝများအားတိုးတက်စေမှု နှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်မှု တို့အပါအဝင် အမျိုးသားကာကွယ်ရေး နှင့် လက်နက်ကိုင်တပ်ဖွဲ့များ တည်ဆောက်ခြင်း၊ သံတမန်ဆက်ဆံရေးများ ဆောင်ရွက်ခြင်း၊ CPC နှင့် ပတ်သက်၍ ပြည့်ဝပြီး တိကျသော အုပ်ချုပ်ရေးယန္တရားတည်ဆောက်ခြင်း တို့တွင် အောင်မြင်မှုများ ရရှိခဲ့ခြင်းအပေါ် ရှီက ချီးကျူးဂုဏ်ပြုခဲ့ပြီး ယင်းတိုးတက်မှုဖြစ်စဉ်သည် တရုတ်နိုင်ငံဟူသော သင်္ဘောကြီးကို ပင်လယ်ပြင်ခရီးစဉ်သစ်များသို့ ရောက်ရှိအောင် မောင်းနှင်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ရှီက ယင်းအောင်မြင်မှု ရလဒ်များကို မျိုးရိုးအစဉ်အဆက် ခက်ခက်ခဲခဲကြိုးပမ်းအားထုတ်မှုများဖြင့် တရုတ်ပြည်သူများ ကိုယ်တိုင် လက်ဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်သည့်အပြင် တရုတ်နိုင်ငံ ၏ အမျိုးသားလွတ်လပ်ရေး အတွက် ဆောင်ရွက်ခဲ့ကြသော မျိုးဆက်ဟောင်း သူရဲကောင်းများ၊ စံပြအလုပ်သမားများ၊ တပ်မတော်သားများ နှင့် ရဲဘော်များ အား အထူးလေးစားဂုဏ်ပြုခြင်းကို ပြသသည့် အမှတ်သင်္ကေတများ ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၈ခုနှစ်သည် တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲမှု နှင့် ပွင့်လင်းမြင်သာမှုမူဝါဒချမှတ်သည့် နှစ် ၄၀ပြည့် အထိမ်းအမှတ် ဖြစ်ကြောင်း ရှီက မှတ်ချက်စကားပြောကြားခဲ့ပြီး လွန်ခဲ့သည့် နှစ် ၄၀ကျော်က တရုတ်နိုင်ငံသည် ခေတ်နှင့်အညီ ရင်ဘောင်တန်းရန် အမှီလိုက်နေရသော အခြေအနေ မှ ယခုအခါ ခေတ်ကို ဦးဆောင်နိုင်သည့် အခြေအနေသို့ လျင်မြန်စွာ ရောက်ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီက ၂၀၁၇ခုနှစ်တွင် ကျင်းပခဲ့သော ၁၉ကြိမ်မြောက် CPC အမျိုးသားညီလာခံ သည် ခေတ်သစ်တွင် တရုတ်သွင်ပြင်လက္ခဏာများ နှင့် ဆိုရှယ်လစ်ဝါဒ ဖွံ့ဖြိုးတိုးတက်မှု အတွက် လမ်းညွှန်ချက်ကို သတ်မှတ်ဖော်ပြခဲ့ပြီး တရုတ်ခေတ်သစ်ဆိုရှယ်လစ်ဝါဒ တစ်ခုတည်ဆောက်မှုပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန် ခရီးစဉ်သစ်ကို ရေးဆွဲခဲ့ကြောင်း ပြောကြားခဲ့သည်။

၂၀၁၈ခုနှစ်တွင် ရှုပ်ထွေးသောနိုင်ငံတကာပတ်ဝန်းကျင်၊ ခက်ခဲကြမ်းတမ်းသော ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှု နှင့် တည်ငြိမ်အေးချမ်းမှု လုပ်ငန်းစဉ်များ ရင်ဆိုင်နိုင်ရန်အတွက် ရှီက ပါတီတစ်ခုလုံး၊ တပ်မတော် နှင့် တရုတ်တိုင်းရင်းသား မျိုးနွယ်စုအားလုံးသည် CPC ဗဟိုကော်မတီ နှင့် နီးကပ်စွာ စုစည်းလုပ်ဆောင်ရန် နှင့် ညွှန်ကြားချက်များ၊ မဟာဗျူဟာများ နှင့် အစီအစဉ်များကို လက်တွေ့အဖြစ်ပြောင်းလဲ၍ ခိုင်မာစွာ အကောင်အထည်ဖော်လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

မိသားစု အနှစ်သာရ

ရှီက ရှေးရိုးအစဉ်အလာဖြစ်သော မိသားစု၏ အနှစ်သာရ နှင့် ပတ်သက်၍ ပြောကြားရာတွင် မိသားစုများ အတူတကွ ဆုံတွေ့ခွင့်ရသည့် နှစ်သစ်ကူးပွဲတော်အတွင်း ပြန်လည်ပေါင်းစည်းခြင်း မှ ပျော်ရွှင်မှုကို ခံစားရပြီး ပေါင်းစည်းမှုသည် အင်အားတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူများသည် မိသားစုအား အမြဲတမ်းတန်ဖိုးထားကြပြီး မိသားစုအတွင်း ဟန်ချက်ညီမှုသည် အရာရာတွင် အောင်မြင်မှုကို ရရှိစေကြောင်း ရှီက ပြောကြားခဲ့သည်။

ရှီက တရုတ်ပြည်သူများသည် တရုတ်နိုင်ငံ အိမ်မက် နှင့် အတူ ကိုယ်ပိုင်အိမ်မက်များ နှင့် မိသားစု အိမ်မက်များကို အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။

၎င်းက ခေတ်သစ်တွင် တရုတ်သွင်ပြင်လက္ခဏာများ နှင့် ဆိုရှယ်လစ်ဝါဒ ခမ်းနားစွာ အောင်မြင်ရန် နှင့် တရုတ်နိုင်ငံ၏ သွေးသစ်လောင်းအိမ်မက်အကောင်အထည်ဖော်ရန်အတွက် နေအိမ်ပေါင်း သန်း၄၀၀ကျော်တွင် နေထိုင်လျက်ရှိသော တရုတ်ပြည်သူ ၁.၃ဘီလီယံ ကျော် ၏ ဉာဏ်ပညာ နှင့် ခွန်အားတို့ဖြင့် ကြိုးပမ်းအားထုတ်သင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.