Connect with us

Politics, Law & Military

ဂိုလန်ကုန်းမြင့်အရေးအပေါ် ကုလသမဂ္ဂဆုံးဖြတ်အမှတ် ၂၄၂ နှင့် ၃၃၈ အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် တရုတ်နိုင်ငံတိုက်တွန်း

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်း(Geng Shuang) အားတွေ့ ရစဉ်(အင်တာနက်)

ပေကျင်း ၊ မတ် ၂၃ ရက်(ဆင်ဟွာ)

ပိုင်နက်နယ်မြေအငြင်းပွားမှုဖြစ်ပေါ်နေသော ဂိုလန်ကုန်းမြင့်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ ဆက်စပ်သဘောတူညီချက်များနှင့်အတူ ညှိနှိုင်းအဖြေရှာကြရန် သက်ဆိုင်ရာနိုင်ငံအားလုံးကို တရုတ်နိုင်ငံက မတ် ၂၂ ရက်တွင်တိုက်တွန်းပြောကြားလိုက်သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ်း(Geng Shuang) က ယင်းကိစ္စနှင့်သက်ဆိုင်သော ထုတ်ပြန်ချက်များထွက်ပေါ်လာပြီးနောက်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံအနေဖြင့် ဂိုလန်ကုန်းမြင့်ကို အစ္စရေးနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်နက်နယ်မြေအဖြစ် အသိအမှတ်ပြုရန် အချိန်တန်ပြီဖြစ်ကြောင်း ၊ ယင်းမှာ အစ္စရေးနိုင်ငံ နှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် မဟာဗျူဟာမြောက် အရေးပါသကဲ့သို့လုံခြုံရေးအရ အလွန်အရေးကြီးကြောင်း မတ် ၂၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်တွင် ဥရောပသမဂ္ဂ(EU) ၏ ပြောရေးဆိုခွင့်ရှိသူက ဂိုလန်ကုန်းမြင့်၏ အချုပ်အခြာ ပိုင်နက်နှင့်ပတ်သက်၍ EU ၏ ရပ်တည်ချက်မှာ ပြောင်းလဲမှုမရှိကြောင်း နှင့် ယင်းဒေသကို အစ္စရေး၏ ပိုင်နက် အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုထားခြင်း မရှိကြောင်း တုန့်ပြန်ပြောကြားခဲ့သည်။

ဂိုလန်ကုန်းမြင့်အပါအဝင် အာရပ်ပိုင်နက်နယ်မြေများအရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၄၂ နှင့် ၃၃၈ အတိုင်း ဆက်လက်ဆောင်ရွက်သွားရမည်မှာ ရှင်းလင်းကြောင်း ကိန်းက ဆိုသည်။
ကုလသမဂ္ဂ၏ ဆုံဖြတ်ချက်များ နှင့် နိုင်ငံတကာကျင့်ထုံးများ နှင့်အညီ သက်ဆိုင်ရာနိုင်ငံများက ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အငြင်းပွားဖွယ်ကိစ္စရပ်များအား မှန်မှန်ကန်ကန်ဆောင်ရွက်သွားခြင်းကို တရုတ်နိုင်ငံက အမြဲထောက်ခံအားပေးကြောင်း နှင့် အရှေ့အလယ်ပိုင်းဒေသ ထာဝရတည်ငြိမ်ရေး အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန်ကို ထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.