Connect with us

Politics, Law & Military

စိန့်ပီတာစဘာဂ် နိုင်ငံတကာစီးပွားရေးဖိုရမ် တက်ရောက်ရန် တရုတ်သမ္မတရှီကျင့်ဖိန် ရုရှားနိုင်ငံသို့ထွက်ခွာ

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ရုရှားနိုင်ငံသို့တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ရန် နှင့် ၂၃ ကြိမ်မြောက် စိန့်ပီတာစဘာဂ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့တက်ရောက်ရန် ယနေ့(ဇွန် ၅ ရက်)တွင် ပေကျင်းမြို့မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

သမ္မတရှီသည် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့သွားရောက်ခြင်းဖြစ်သည်။

သမ္မတရှီနှင့်အတူ တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရို အဖွဲ့ဝင် နှင့် ဗဟိုအတွင်းရေးမှူးဌာန အတွင်းရေးမှူး တင်းရွှဲရှန်(Ding Xuexiang) ၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ(Yang Jiechi)၊ တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ ၊ တရုတ်ပြည်သူ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ အမျိုးသား ကော်မတီ ဒုတိယ ဥက္ကဋ္ဌ နှင့် အမျိုးသားဖွံ့ဖြိုးတိုး တက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် အကြီးအကဲ ဟယ်လိဖုန်း (He Lifeng) တို့ လိုက်ပါသွား ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.