Connect with us

Politics, Law & Military

တရုတ်ကောလိပ်ကျောင်းသား ၁သန်းကျော် စစ်တပ်ထဲဝင်ရောက်ရန် စာရင်းပေးသွင်း

တရုတ်နိုင်ငံတပ်မတော်မှ စစ်သားများအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

၂၀၁၇ခုနှစ် သြဂုတ်လကုန်ပိုင်းလောက်ထိ တရုတ်တပ်မတော်၌ အမှုထမ်းရန် စာရင်းပေးသွင်းခဲ့သည့် တရုတ်ကောလိပ်ကျောင်းသား ၁.၀၈သန်းကျော်ရှိခဲ့ပြီး ယခင်နှစ်ထက် ၅.၅၈ရာခိုင်နှုန်း များပြားလာခဲ့ကြောင်း ပညာရေးဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက သြဂုတ် ၃၀ ရက်တွင်ပြောကြားခဲ့သည်။

ယင်းအရေအတွက်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် တိုင်းပြည်တာဝန်ထမ်းဆောင်လိုသော ကောလိပ်ကျောင်းသားအရေအတွက် ပိုမိုများပြားလာခြင်းကို ညွှန်ပြခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Xu Mei ကပြောကြားခဲ့သည်။

၎င်းက ဝန်ကြီးဋ္ဌာနသည် ကောလိပ်များမှ စစ်သားများပိုမို စုဆောင်းရရှိနိုင်ရန် ကိုယ်ကာယပိုင်းဆိုင်ရာ နှင့် နိုင်ငံရေးဆိုင်ရာ စာမေးပွဲများ ကျင်းပကာ ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တပ်မတော်အတွင်း အမှုထမ်းရန် ကောလိပ်ကျောင်းသားများ စုဆောင်းမှု ပမာဏတိုးမြှင့်ရန် စစ်တပ်က ယခုနှစ် ဇူလိုင်လတွင် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.