Connect with us

Politics, Law & Military

တရုတ်သမ္မတ ရှီကျင့်ဖိန် နှင့် ပြင်သစ်သမ္မတ မက်ခရွန်းတို့ တွေ့ဆုံ

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ပြင်သစ်နိုင်ငံသမ္မတ အီနျူရယ်မက်ခရွန်းတို့ ပေကျင်းမြို့၌ ဇန်နဝါရီ ၈ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ပြင်သစ်နိုင်ငံသမ္မတအီမန်နျူရယ်မက်ခရွန်းတို့သည် ပေကျင်းမြို့ရှိ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာ၌ ဇန်နဝါရီ ၈ ရက် ညနေပိုင်းတွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ရှီက မက်ခရွန်း၏ တရုတ်နိုင်ငံ ခရီးစဉ် သည် တရုတ်-ပြင်သစ် ဆက်ဆံရေးကို အထူးအလေးထားခြင်းကို ပြသခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၂၀၁၈ခုနှစ်အတွင်း မက်ခရွန်း၏ ပထမဆုံး အာရှခရီးစဉ်ဖြစ်ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်ခဲ့သည့် ပထမဆုံး အနောက်အင်အားကြီး နိုင်ငံတစ်ခုဖြစ်ကြောင်း သိရသည်။

ရှီက ယနေ့ကမ္ဘာတွင် မသေချာမရေရာမှုများစွာ ရှိနေကြောင်း၊ တရုတ်နိုင်ငံသည် လူသားမျိုးနွယ်အတွက် အနာဂတ်မျှဝေသည့် လူမှုအသိုင်းအဝိုင်းတစ်ခု တည်ဆောက်ခြင်းကို ထောက်ခံအားပေးပါကြောင်း နှင့် ပြင်သစ်နိုင်ငံသည်လည်း အလားတူ ဆန္ဒမျိုးရှိပါကြောင်း ပြောကြားခဲ့သည်။

၎င်းက ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှု မူဝါဒအောက်တွင် ပူးပေါင်းဆောင်ရွက်မှုများအပြင် အခြားသောပူးပေါင်းဆောင်ရွက်မှုများတွင် ပြင်သစ်နိုင်ငံ နှင့် နီးကပ်စွာ လုပ်ကိုင်ဆောင်ရွက်သွားရန် တရုတ်နိုင်ငံအနေဖြင့် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက ကမ္ဘာ့တည်ငြိမ်ရေး နှင့် အကျိုးစီးပွားဖြစ်ထွန်းမှု တို့ကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အဓိကကျသော နိုင်ငံတကာအရေးကိစ္စများတွင် ပြင်သစ်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးမှုများကို အလေးပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်သမ္မတ မက်ခရွန်းက ၎င်း၏ ပထမဆုံးနိုင်ငံတော်ခရီးစဉ်ဖြစ်သော တရုတ်ခရီးစဉ်တွင် ပြင်သစ်-တရုတ် ဆက်ဆံရေး နှင့် နိုင်ငံတကာ အရေးကိစ္စများနှင့် ပတ်သက်၍ အပြင်ချင်းဖလှယ်သွားရန် ဆန္ဒရှိကြောင်းပြောကြားခဲ့သည်။

ယင်းခရီးစဉ်မှ တစ်ဆင့် ပြင်သစ်-တရုတ်ဆက်ဆံရေး နှင့် အီးယူ-တရုတ် ဆက်ဆံရေးတို့ကို မြှင့်တင်ပြီး နှစ်နိုင်ငံယုံကြည်မှုတိုးတက်လာစေမည်ဟု မျှော်လင့်ပါကြောင်း ၎င်းက ပြောကြားခဲ့သည်။

မက်ခရွန်းက ပြင်သစ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှု တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လိုကြောင်း၊ ရာသီဥတုပြောင်းလဲမှု ကဲ့သို့သော နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံစိန်ခေါ်မှုများကို တရုတ်နိုင်ငံနှင့်လက်တွဲ၍ ဖြေရှင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။

၎င်းက ယခုခရီးစဉ်သည် ပြင်သစ်-တရုတ် ဆက်ဆံရေးသမိုင်းတွင် မှတ်ကျောက်တိုင်သစ်တစ်ခုဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်၏ ဇနီး ဖုန်းလိယွမ် နှင့် မက်ခရွန်း၏ ဇနီး Brigitte Macron တို့လည်း အစည်းအဝေးသို့တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံသမ္မတ သည် တရုတ်နိုင်ငံသို့ ဇန်နဝါရီ ၈ရက်မှ ၁၀ရက်အထိ နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာခြင်းဖြစ်ပြီး တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှီးအန်မြို့ သို့ နေ့တစ်ဝက်ခရီးစဉ် သွားရောက်ပြီးနောက် ပေကျင်းမြို့သို့ ဇန်နဝါရီ ၈ရက် နေ့လည်ပိုင်းတွင် ရောက်ရှိလာခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.