Connect with us

Politics, Law & Military

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် တရုတ် နိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်း မှ “တရုတ်နိုင်ငံ မှ ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက် ဆောင်ရွက်မှု ရလာဒ်” အား ပူးတွဲ ထုတ်ပြန်

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး လီပေါင်တုန်း မှ “တရုတ်နိုင်ငံ မှ ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက် ဆောင်ရွက်မှု ရလာဒ်” ထုတ်ပြန်ချက် ပွဲတွင် မိန့်ခွန်းပြောကြားနေစဉ်

ပေကျင်း ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် တရုတ် နိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်း မှ ဇူလိုင် ၂၄ ရက်နေ့က “တရုတ်နိုင်ငံ မှ ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက် ဆောင်ရွက်မှု ရလာဒ်” အား ပူးတွဲ ထုတ်ပြန် ခဲ့ကြသည်။ တရုတ် နိုင်ငံ ခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး စီမံကိန်း ဌာန ဌာနမှူး Helen Clark တို့မှ အွန်လိုင်း ဗီဒီယို မိန့်ခွန်း များပြောကြား ခဲ့ကြသည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး လီပေါင်တုန်း ၊ ကုလသမဂ္ဂ ၂၀၁၅ ခုနှစ်နောက်ပိုင်း ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှု အထူးကိုယ်စားလှယ် အာမီနာ ၊ တရုတ် နိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်း ညှိနှိုင်းရေး ကိုယ်စားလှယ် တို့မှ တက်ရောက် မိန့်ခွန်း ပြောကြား ခဲ့ကြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် တရုတ် နိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်း မှ ပူးတွဲ ထုတ်ပြန် ခဲ့သည့် သတင်းထုတ်ပြန်ချက် ကို တရုတ် ဘာသာ နှင့် အင်္ဂလိပ် ဘာသာ နှစ်မျိုး ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက် သည် အခန်း ၁၀ ခန်းခွဲ၍ ပြီးခဲ့သည့် ၁၅ နှစ်အတွင်း တရုတ် နိုင်ငံ မှ ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက် ဆောင်ရွက်မှု ရလာဒ် များကို အသေးစိတ် ဖော်ပြခဲ့သည်။ တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးရေး အတွေ့အကြုံ များနှင့် လုပ်ငန်းဆောင်ရွက်မှု များကို အနစ်ချုပ် ဖော်ပြခဲ့ပြီး တရုတ် နိုင်ငံ၏ အနာဂတ် ဖွံ့ဖြိုးရေး ကိုလည်း သုံးသပ်မှု ပြုလုပ်ခြင်း များပါဝင် ခဲ့သည်။

ထုတ်ပြန်ချက်တွင် တရုတ် နိုင်ငံမှ ကုလသမဂ္ဂ၏ ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက် ဆောင်ရွက်မှု ကို နိုင်ငံ တကာမှ လက်တွေ့ သိရှိနိုင်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံ ပေါင်း ၁၂၀ ကျော်၏ ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက် ဆောင်ရွက်မှု အပေါ် အထောက်အကူ ပြုနိုင် ခဲ့သဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်း မှ လက်ခံမှု ကို ရရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ သည် ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်ခုဖြစ်သောကြောင့် အခက်အခဲ နှင့် စိန်ခေါ်မှု များစွာကို ကြုံတွေ့ခဲ့ရကြောင်း ၊ တရုတ် နိုင်ငံ သည် အနာဂတ် တွင် အသေးစိတ် ပြုပြင်ပြောင်းလဲမှု များဆောင်ရွက်ကာ ကောင်းမွန်သည့် လူအဖွဲ့အစည်း တစ်ရပ်တည်ဆောက်ရေး နှင့် ၂၀၁၅ ခုနှစ် နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ကို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ပြည်သူ လူထု၏ လူနေမှု ဘဝ ကို ပိုမို ကောင်းမွန်လာအောင် ဆောင်ရွက်သွားမည် ဖြစ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံ များ၏ ၂၀၁၅ ခုနှစ် နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ကိုလည်း ကူညီမှု များပြုလုပ်သွားမည် ဖြစ်ကာ အတူတကွ ဖွံ့ဖြိုးတိုးတက် ရေး ရည်မှန်းချက် ကို အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ထုတ်ပြန်ချက်မှ တရုတ် နိုင်ငံ ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု တွင် အပြုသဘော ဆောင်သည့် ဆောင်ရွက်ချက်များကို သိရှိနိုင်မည် ဖြစ်ပြီး တရုတ် နိုင်ငံ၏ ဖွံ့ဖြိုးဆဲ နိုင်ငံ အနေဖြင့် ကမ္ဘာ့လုံး ဆိုင်ရာ တိုးတက်ရေး အတွက် အားသွန်ခွန်စိုက် တာဝန်ယူ ဆောင်ရွက်မှု ကို သိရှိနိုင်မည် ဖြစ်သည်။(Xinhua)