Connect with us

Politics, Law & Military

အရှေ့တရုတ် ပင်လယ်ရှိ ရေနံနှင့် ဓာတ်ငွေ့ ကိစ္စရပ်ကို ဂျပန် နိုင်ငံမှ ပုံကြီးချဲ့ ဝါဒဖြန့်မှုသည် တရုတ်-ဂျပန် ဆက်ဆံရေး အပေါ် အကျိုးမရှိကြောင်း ပြောကြား

အရှေ့တရုတ် ပင်လယ်ရှိ တရုတ် ရေနံနှင့် ဓာတ်ငွေ့ တူးဖော်ရေး စင်အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်း မှ ဇူလိုင်လ ၂၂ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဂျပန် နိုင်ငံ၏ အရှေ့တရုတ် ပင်လယ်ရှိ ရေနံနှင့် ဓာတ်ငွေ့ တူးဖော်ရေးနှင့် ပတ်သက်ပြီး ဝါဒဖြန့်ဆောင်ရွက်မှု များသည် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လှန် ကောင်းမွန်လာစေရန် မည်သည့် ကောင်းမွန်သည့် အကျိုးကျေးဇူးမှ မရှိကြောင်း ပြောကြား ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံမှ အရှေ့ တရုတ် ပင်လယ်ရှိ တရုတ်နိုင်ငံပိုင် ရေနံနှင့် ဓာတ်ငွေ့ တူးဖော်ရေး စင် ၏ တည်နေရာနှင့် ဓာတ်ပုံများ စသည့် အချက်အလက်များ ဖော်ပြ ခဲ့ခြင်းနှင့် ပတ်သက်၍ ပြောကြား ခဲ့ရာတွင် တရုတ် နိုင်ငံသည် အရှေ့ တရုတ်ပင်လယ် အတွင်းရှိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ခြင်းသည် မိမိ နိုင်ငံ အချုပ်အခြာ အာဏာပိုင် နယ်နိမိတ် အတွင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ ဂျပန် နိုင်ငံသည် ပြီးခဲ့သည့် နှစ်က သဘောတူညီမှု ထားရှိခဲ့သည့် အရေးကြီး သဘောတူညီချက် ၄ ချက်ကို လိုက်နာပြီး မိမိ ဆောင်ရွက်ခဲ့သည့် အပြုအမှု အပေါ် ပြန်လည်၍ အေးချမ်းစွာ သုံးသပ် နိုင်ရန် တရုတ် နိုင်ငံ အနေဖြင့် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

လုခန်းမှ တရုတ် နိုင်ငံ အနေဖြင့် အရှေ့တရုတ် ပင်လယ် အပေါ်ထားရှိသည့် မူဝါဒသည် ပြောင်းလဲမှု မရှိကြောင်း ၊ အရှေ့တရုတ် ပင်လယ်အရေးနှင့် ပတ်သက်၍လည်း ဂျပန် နိုင်ငံနှင့် ဆက်သွယ်မှု ထိန်းသိမ်း ထားရန် ဆန္ဒ ရှိကြောင်း ၊ အဓိက အချက်မှာ ဂျပန် နိုင်ငံ အနေဖြင့် သဘောတူညီမှု များကို လိုက်နာနိုင်ရန် ကောင်းမွန်သည့် အခြေအနေများ ဖန်တီးရန် ဖြစ်ကြောင်း ၊ ဂျပန် နိုင်ငံမှ တရုတ် ပင်လယ် ရေနံနှင့် ဓာတ်ငွေ့ ကိစ္စကို ပုံကြီးချဲ့ ဝါဒဖြန့်နေခြင်းသည် တရုတ် နိုင်ငံနှင့် ဂျပန် နိုင်ငံ၏ အရှေ့တရုတ် ပင်လယ်အရေး နှင့် ပတ်သက်ပြီး ညှိနှိုင်း ဆွေးနွေးမှုနှင့် ပူးပေါင်းမှု အတွက် အကျိုးမရှိကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.