Connect with us

Politics, Law & Military

မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် အား တရုတ် သံအမတ်ကြီးအသစ် မစ္စတာ ဟုန်လျန် မှ ယနေ့ သံအမတ် ခန့်အပ်လွှာ ပေးအပ်မည်

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် (Mr. Hong Liang)

ရန်ကုန်၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် အား မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် (Mr. Hong Liang) မှ ယနေ့ နေပြည်တော် တွင် သံအမတ် ခန့်အပ်လွှာ ပေးအပ်မည် ဖြစ်ကြောင်း တရုတ် သံရုံး ပြန်ကြားရေးဌာန မှ သိရှိရသည်။

တရုတ် သံအမတ်ကြီးအသစ် မစ္စတာ ဟုန်လျန် ၏ ကိုယ်ရေး အတ္ထုပ္ပတိ အကျဉ်းချုပ် အား အောက်ပါ အတိုင်းသိရှိရ ပါသည်။

သံအမတ်ကြီး ဟုန်လျန် (Mr. Hong Liang) အား ၁၉၆၉ခုနှစ် စက်တင်ဘာ လ တွင် မွေးဖွားခဲ့ပါသည်။ မစ္စတာ ဟုန်လျန် သည် ဘွဲ့ရ တစ်ဦးဖြစ်ပြီး ၁၉၉၃-၁၉၉၄ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စီရေးရာဦးစီးဌာန သံအရာရှိ အဖြစ်လည်းကောင်း ၊ ၁၉၉၄-၁၉၉၅ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ ဦးစီး ဌာန သံအရာရှိ အဖြစ် လည်းကောင်း ၊၁၉၉၅-၁၉၉၉ တွင် မလေးရှားနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံး သံအရာရှိ ၊ တတိယ အတွင်းဝန် အဖြစ်လည်းကောင်း ၊ ၁၉၉၉-၂ဝဝ၆ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဦးစီးဌာန တတိယအတွင်းဝန် ၊ ဒုတိယညွှန်ကြားရေးမှူး ၊ ညွှန်ကြားရေးမှူး၊သံမှူး အဖြစ်လည်းကောင်း ၊၂ဝဝ၆-၂ဝဝ၇ တွင် ကွေ့ဂျူးပြည်နယ် ချင်းဇန်မြို့ ကွန်မြူနစ်ပါတီ ကော်မတီအမြဲတမ်းကော်မတီဝင် ၊ ဒုတိယမြို့တော်ဝန် အဖြစ်လည်းကောင်း ၊၂ဝဝ၇-၂ဝဝ၈ တွင် ချွန်ချင့်မြို့ နိုင်ငံခြားရေးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် အဖြစ်လည်းကောင်း ၊၂ဝဝ၈-၂ဝ၁၁ တွင် သြစတြေးလျားနိုင်ငံ ဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးသံမှူးကြီး အဖြစ်လည်းကောင်း ၊၂ဝ၁၁-၂ဝ၁၅ တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၊၂ဝ၁၅ ခုနှစ် မှ စတင်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး သံအမတ်ကြီး အဖြစ် စတင် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း သိရသည်။

သံအမတ်ကြီး မစ္စတာ ဟုန်လျန် တွင် အိမ်ထောင်နှင့်သားတယောက်ရှိကြောင်း သိရသည်။ (Xinhua)
———————————————————————————————————————
Biography of Chinese Ambassador to Myanmar Mr. Hong Liang
Mr. Hong Liang was born in September 1969.
He has a Bachelor’s degree.
1993-1994 Staff Member, Department of Consular Affairs, Ministry of Foreign Affairs
1994-1995 Staff Member, Attache, Department of Asian Affairs, Ministry of Foreign Affairs
1995-1999 Attache, Third Secretary, Chinese Embassy in Malaysia
1999-2006 Third Secretary, Deputy Office Director, Office Director and Counselor, Department of Asian Affairs, Ministry of Foreign Affairs
2006-2007 Municipal Standing Committee Member and Deputy Mayor, Qingzhen City, Guizhou Province
2007-2008 Deputy Director General, Foreign Affairs Office, Chongqing Municipal People’s Government
2008-2011 Minister Counselor, Chinese Embassy in Australia
2011-2015 Deputy Director General, Department of Asian Affairs, Ministry of Foreign Affairs
2015- Ambassador Extraordinary and Plenipotentiary of the People’s Republic of China to the Republic of the Union of Myanmar
Married with a son. (Xinhua)