Connect with us

Politics, Law & Military

တရုတ် သမ္မတ ရှီကျင့်ဖိန်၏ အုပ်ချုပ်မှုရေးရာ စာအုပ် အုပ်ရေ ၆.၄၂ သန်း ရောင်းချနိုင်ခဲ့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရေးသားထားသော “Xi Jinping: The Governance of China” စာအုပ်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ရေးသားသော တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုရေးရာ စာအုပ်သည် ပြည်တွင်း ပြည်ပ၌ လူအများ၏ စိတ်စွမ်းအား မြှင့်တင်ပေးနိုင်ခဲ့ပြီး ဘာသာစကားပေါင်း ၂၁ ခုဖြင့် ထုတ်ဝေခဲ့ပြီး ရောင်းအား ၆.၄၂ သန်း အုပ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

“Xi Jinping: The Governance of China” စာအုပ်အား သြဂုတ်လ ၂၃ ရက်တွင် ဖွင့်လှစ်ခဲ့သော ၂၄ ကြိမ်မြောက် ပေကျင်း နိုင်ငံတကာ စာအုပ်ပြပွဲ၌ ပြသထားကြောင်း၊ ယင်းစာအုပ်အား ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် စတင်ပြသခဲ့သည်မှစ၍ နိုင်ငံနှင့် ဒေသပေါင်း ၁၆၀ ၌ ထုတ်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၄ ခုနှစ် ဇွန်လအထိ တရုတ် သမ္မတ ရှီကျင့်ဖိန်၏ မိန့်ခွန်းများ၊ ပြောစကားများ၊ တွေ့ဆုံမေးမြန်းခြင်းများ၊ မှတ်ချက်များနှင့် ပေးစာများ ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.