Connect with us

Politics, Law & Military

တရုတ်နိုင်ငံတော်ကောင်စီဝင် ဘရာဇီးနှင့် ချီလီနိုင်ငံ သို့ အလည်အပတ်ခရီးသွားရောက်မည်

တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ(Wang Yi )သည် BRICS နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး သို့တက်ရောက်ရန် နှင့် တရားဝင်ချစ်ကြည်ရေးခရီးလည်ပတ်ရန် ဇူလိုင် ၂၄ ရက် မှ ၂၆ ရက် အထိ ဘရာဇီးနိုင်ငံသို့ သွားရောက်ရန်ရှိကြောင်း သိရသည်။

ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး Ernesto Araujo ၏ ဖိတ်ကြားချက်အရ ဝမ်အနေဖြင့် အလည်အပတ်သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ ကိန်းစွမ် (Geng Shuang)က ဇူလိုင် ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၎င်းခရီးစဉ်အတွင်း ဝမ်အနေဖြင့် တတိယအကြိမ် တရုတ်-ဘရာဇီး နိုင်ငံခြားရေးဝန်ကြီးများ ဘက်စုံမဟာဗျူဟာမြောက်ဆွေးနွေးပွဲကို Araujo နှင့်အတူကျင်းပမည်ဖြစ်သည်။

ချီလီနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Teodoro Ribera ၏ ဖိတ်ကြားချက်အရ ဝမ်အနေဖြင့် ချီလီနိုင်ငံ ကို ဇူလိုင် ၂၆ ရက်မှ ၂၈ ရက် အထိ တရားဝင်အလည်အပတ်ခရီးသွားရောက်မည်ဖြစ်ကြောင်း Geng ၏ ကြေညာချက်တွင် ပါရှိသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117