Connect with us

Politics, Law & Military

သမ္မတရှီက ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ ၎င်းတို့၏ အလုပ်ကို လက်တွေ့ကျကျ ကောင်းမွန်စွာလုပ်ရန်တိုက်တွန်း

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

သမ္မတရှီကျင့်ဖိန် က ဒေသခံပြည်သူ့လွှတ်တော်များ နှင့် ၎င်းတို့ ၏ အမြဲတမ်းကော်မတီများ သည် ဒေသအခြေအနေများကို အခြေခံ၍ ဥပဒေ နှင့်ကြီးကြပ်ဆောင်ရွက်ခြင်းများကို တိုးတက်ရန် ဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက် ရန် ညွှန်ကြားခဲ့သည်။

ဒေသခံ ပြည်သူ့လွှတ်တော် များနှင့် ၎င်းတို့ ၏ ကော်မတီများ အနေနှင့် စီးပွားရေး နှင့် လူမှုရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံ၍ ပိုမိုကောင်းမွန်သည့် အသွင်ကူးပြောင်းမှုများကို ဆောင်ရွက် သင့်ကြောင်း တရုတ်ကွန်မြူနစ်ပါတီဗဟိုအထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ သမ္မတရှီကျင့်ဖိန်ကပြောသည်။

ပေကျင်း တွင် ဇူလိုင် ၁၈ ရက်၊ ဒေသခံပြည့်သူ့လွှတ်တော်၌ အကျိုးပြုကော်မတီများ ဖွဲ့စည်းခြင်းနှစ်၄၀မြောက် အထိမ်းအမှတ် စာတမ်းဖတ်ပွဲတစ်ခုကျင်းပခဲ့သည်။ (Xinhua)