Connect with us

Politics, Law & Military

တရုတ်နိုင်ငံသည် အာဖရိကတိုက်၏ အမှန်တကယ်ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက် ဘာကြောင့် ဖြစ်ရ သနည်း

တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု(FOCAC) ၂ဝ၁၈ ပေကျင်းထိပ်သီးအစည်းအဝေးတက်ရောက်လာသော နိုင်ငံ့ခေါင်းဆောင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

လွန်ခဲ့သော ၁၈ နှစ်ကာလအတွင်း တရုတ်-အာဖရိက ဆက်ဆံရေးနယ်ပယ်များတွင် အနောက်ကမ္ဘာမှ အချို့သောသူများက အာဖရိကတိုက်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ဆန့်ကျင်၍ စွပ်စွဲချက်မျိုးစုံဖြင့် ရှုပ်ထွေးမှုဖြစ်အောင် လုပ်ဆောင်ခဲ့ကြသည်။

အနောက်နိုင်ငံ မီဒီယာများ နှင့် နိုင်ငံရေးသမားများက အာဖရိကတွင် စီးပွားရေး အညွန့်ခူးစားသူအဖြစ် တရုတ်နိုင်ငံအား ကျယ်ကျယ်ပြန့်ပြန့်တံဆိပ်ကပ်ခဲ့ကြပြီး တရုတ်နိုင်ငံအနေဖြင့် အာဖရိကတိုက်အား ကြွေးမြီအကြပ်အတည်းထဲပိတ်မိအောင် ဆွဲသွင်းနေကြောင်း နှင့် သဘာဝပတ်ဝန်းကျင်ဖျက်ဆီးနေကြောင်း ၊ အလုပ်အကိုင်အခွင့်အလမ်းခိုးယူနေကြောင်း ၊ သဘာဝအရင်းအမြစ် လုယူနေကြောင်း အမျိုးမျိုး ပြောဆိုခဲ့ကြသည်။

အဆိုပါပြောဆိုနေကြသူများသည် အာဖရိကတိုက်၏ မြေပြင်အနေအထားအကြောင်းကို အနည်းငယ်သာ သိရှိနားလည်ကြသူများဖြစ်ပြီး ၎င်းတို့သည် အမှားသံသရာတွင် ခုံမင်နေကြသည်။

တရုတ်နိုင်ငံသည် စီးပွားရေး အညွန့်ခူးစားသူမဟုတ်ကြောင်း အချက်အလက်များက ဖော်ပြနေသလို အာဖရိကနိုင်ငံများဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်မိတ်ဖက်အစစ်အမှန်ဖြစ်ကြောင်း အပြောထက်အလုပ်က သက်သေပြခဲ့သည်။

တရုတ်-အာဖရိက ကုန်သွယ်ရေးတွင် ကုန်ကြမ်း အစိတ်အပိုင်းများသာဖြစ်နေသည်ကို ငြင်းဆိုရန် အကြောင်း မရှိပေ။ သို့သော် အချက်အလက်များကို လေ့လာသုံးသပ်ကြည့်ပါက စက်မှုကုန်ကြမ်းပစ္စည်များတင်ပို့ခြင်းဖြင့် အာဖရိကနိုင်ငံများသည် တရုတ်နိုင်ငံနှင့်အတူ အကျိုးအမြတ်များကို ခံစားနေရကြောင်း တွေ့နိုင်သည်။ ကုန်သွယ်ရေးသည် ပမာဏကြီးမားလာသည်နှင့်အမျှ ချိန်ခွင်လျှာသည်လည်း ကြီးမားလာခဲ့သည်။

အာဖရိကတိုက်ရှိ သဘာဝအရင်းအမြစ်များ အများစုသည် အနောက်နိုင်ငံ ရင်းနှီးမြှုပ်နံှသူ ကုမ္ပဏီများ၏ လက်ထဲတွင် ရှိနေသည်ဆိုသည့် အချက်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ တစ်ချိန်တည်းမှာပင်တရုတ်နိုင်ငံက ၎င်း ဖွံ့ဖြိုးရေးလိုအပ်ချက်များအတွက် အဝယ်မျှသာရှိနေသည်။

ထို့ပြင် တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် နည်းပညာလွှဲပြောင်းမှုများကြောင့် ယခုအခါ များစွာသော အာဖရိကနိုင်ငံများတွင် ခေတ်မီစိုက်ပျိုးရေးစနစ် နှင့် စက်မှုကုန်ထုတ်လုပ်ငန်းများ အပြည့်အဝ ဖော်ဆောင်နိုင်ခဲ့ကြသည်။ ကိုလိုနီခေတ်တွင် ၎င်းတို့သည် ကုန်ကြမ်းများကိုသာ ထုတ်လုပ်သူများဖြစ်ခဲ့ပြီး နိုင်ငံရပ်ခြားမှ အခြားလိုအပ်ချက်များကို ဝယ်ယူတင်သွင်းရသူအဖြစ်များ ရပ်တည်ခဲ့ရသည်။

တရုတ်နိုင်ငံသည် ယခုအခါ အာဖရိကတိုက်တွင် အကြီးဆုံး အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံသူအဖြစ် လမ်းတံတား နှင့် ရထားလမ်းများ တည်ဆောက်ခြင်း၊ ရေကာတာ နှင့် ရေအားလျှပ်စစ်များ ၊ တံတားများ နှင့် ဆက်သွယ်ရေးတာဝါတိုင်များကို အာဖရိကတိုက်အနှံ့တည်ဆောက်ပေးခြင်းတို့ဆောင်ရွက်ပေးခဲ့ပြီး အာဖရိကတိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်များကို ချပေးခဲ့သည်။

အာဖရိကတိုက်တွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများကြောင့် ဒေသခံအလုပ်အကိုင်များ ဆုံးရှုံးနစ်နာမှုဖြစ်ပေါ်နေကြောင်း ပြောဆိုချက်မှာ ထင်မြင်ယူဆချက်သက်သက်သာဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းများ ဦးဆောင်သည့် သုတေသနက ဆန့်ကျင်ဖက်ကို ညွှန်ပြသည်။

၂ဝ၁၇ ခုနှစ်က Mckinsey ဦးဆောင် ပြုလုပ်သော မြေပြင်ကွင်းဆင်းလေ့လာမှုတစ်ခုတွင် အာဖရိကတိုက် ၈ နိုင်ငံ၌ လုပ်ငန်းလည်ပတ်နေသော တရုတ်ကုမ္ပဏီ ၁ဝဝဝ တွင် ၈၉ ရာခိုင်နှုန်းသော အလုပ်သမားများမှာ ဒေသခံများဖြစ်ကြသည်။ ကုမ္ပဏီပေါင်း သုံးပုံ နှစ်ပုံသည် ဒေသခံ အလုပ်သမားများကို လုပ်ငန်းခွင့်သင်တန်းများ တက်ရောက်နိုင်ရန် စီစဉ်ပေးခဲ့ပြီး ၎င်းတို့အနက် ထက်ဝက်ကျော်မှာ လုပ်ငန်းခွင်သင်တန်းကျောင်းများ သို့မဟုတ် ကျောင်းများသို့တက်ရောက်ခဲ့ရသည်။

ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းကောက်ခံရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် EY က ထုတ်ပြန်သော အစီရင်ခံစာတစ်ခုတွင် အာဖရိက၌ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှုသည် ၂ဝ၁၆ ခုနှစ်အတွင်း အမေရိကန်တစ်နိုင်ငံတည်း ဒေသခံအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှု ပမာဏထက် သုံးဆကျော်ပိုကြောင်း ဖော်ပြထားသည်။

၂ဝ၁၅ ခုနှစ်တွင် ဂျိုဟမ်နစ္စဘတ်မြို့၌ ပြုလုပ်ခဲ့သည့် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု(FOCAC) ထိပ်သီးအစည်းအဝေးတွင် ချမှတ်ခဲ့သည့် “ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ၁ဝ ခု” စတင်အကောင်အထည်ဖော်ကတည်းက တရုတ်ကုမ္ပဏီများသည် အာဖရိကတွင် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၉ သိန်းကျော်ကို ဖန်တီးပေးခဲ့သည်။ ထို့ပြင် အာဖရိကရှိ ပြည်သူ ၂ သိန်းကျော်ကို သက်မွေးဝမ်းကြောင်းပညာရပ် သို့မဟုတ် နည်းပညာရပ်ဆိုင်ရာ သင်တန်းများကို ထောက်ပံ့ပေးခဲ့သည်။

အခြားအမှန်တရားတစ်ခုမာှ တရုတ်ကုပ္မဏီများသည် ဒေသခံအလုပ်သမားများကို ပိုမိုငှားရမ်းအသုံးပြုခဲ့ကြသည်။ အကြောင်းမှာ ဒေသခံများ အိမ်ပြန်လွှဲသည့် လစာငွေပမာဏသည် လျင်လျင်မြန်မြန်တိုးတက်နေပြီး တရုတ်နိုင်ငံမှ အလုပ်သမားများအတွက် လစာငွေပေးချေရမှုမှာ မြင့်မားသောကြောင့် ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ခံမှုကင်းမဲ့ကြောင်း စွပ်စွဲချက်နှင့်ပတ်သက်၍ ၎င်းမှာမှန်ကန်ပါသည်။ အကြောင်းမှာ တရုတ်နိုင်ငံမှ တည်ဆောက်သော ရထားလမ်းပိုင်းအချို့သည် သဘာဝဥယျာဉ်များအတွင်း ဖောက်လုပ်ထားသောကြောင့်ဖြစ်သည်။ သို့သော် ယင်းမှာ တရုတ်နိုင်ငံအနေဖြင့် တောရိုင်းတိရစ္ဆာန်များအတွက် ဂရုမစိုက်ခြင်းမရှိကြောင်း အဓိပ္ပါယ်သက်ရောက်မှု မရှိပေ။

ဥပမာအားဖြင့် တိရစ္ဆာန်များကျက်စားရာ နယ်မြေများကို ဖြတ်သန်းဖောက်လုပ်ထားသော မွမ်ဘာဇာ(Mombasa) – နိုင်ရိုဘီ(Nairobi) ရထားလမ်းပိုင်းသည် ဒေသခံများ နှင့် တက်ကြွလှုပ်ရှားသူများမှ ချီးကျူးစကားသံများကြားခဲ့ရသည်။ ထိုထက်ပို၍ တရုတ်နိုင်ငံသည် အာဖရိကတိုက်တွင် ကြုံတွေ့နေရသည့် အဓိကပြဿနာတစ်ခုဖြစ်သော ကန္တာရမြေများကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်းလာသည့်နေရာများတွင် ကန္တာရ လျော့ပါးရေး ကြိုးပမ်းဆောင်ရွက်ချက်တွင် ပါဝင်လုပ်ဆောင်ခဲ့သည်။

ပူးပေါင်းဆောင်ရွက်မှု အခြားစံနမူနာတစ်ခုအနေဖြင့် သန့်ရှင်းသောသောက်သုံးရေရရှိအောင် ဆောင်ရွက်ပေးခဲ့သည်။ သောက်ရေတွင်းများတူးဖော်ခြင်း နှင့် ရေလောင်ကန်များတည်ဆောက်ခြင်းများအပြင် အာဖရိကတိုက်တွင် ရေသန့်စင်စက်ရုံများကို တရုတ်နိုင်ငံကုမ္ပဏီများက စတင်တည်ဆောက်ပေးခဲ့ပြီးဖြစ်သည်။

အာဖရိကနိုင်ငံများအနေဖြင့် တရုတ်နိုင်ငံအား ဆန့်ကျင်ရန်အတွက်လည်း အခြားစွပ်စွဲချက်တစ်ခုအဖြစ် ကြွေးမြီထောင်ချောက်ဆိုသော အသုံးအနှုန်းတစ်ခုကို ဖန်တီးစွပ်စွဲခဲ့ကြသေးသည်။ အာဖရိကနိုင်ငံအချို့တွင် ကြွေးမြီများတိုးပွားလာခြင်းမှာ အထူးသဖြင့် ၂ဝ၁၄ ခုနှစ်ကတည်းက စတင်ခဲ့သည့် ကုန်ပစ္စည်းများ တန်ဖိုးကျဆင်းလာခြင်းအပါအဝင် ၎င်းတို့၏ အမျိုးမျိုးအစုံစုံသော ပြဿနာများကြောင့်သာဖြစ်သည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်(Johns Hopkins) တရုတ်အာဖရိကသုတေသနအဖွဲ့မှ ကောက်ယူခဲ့သည့် အချက်အလက်များအရ ၂ဝဝဝ ခုနှစ် မှ ၂ဝ၁၆ ခုနှစ်အထိ အာဖရိကသို့ တရုတ်နိုင်ငံမှ ငွေချေးပေးခဲ့သော ပမာဏသည် အမေရိကန်ဒေါ်လာ ၁၁၄ ဘီလီယံ အထိရှိခဲ့ကြောင်း ယင်းမှာ အာဖရိက၏ စုစုပေါင်းပြင်ပကြွေးမြီပမာဏ၏ ၁.၈ ရာခိုင်နှုန်းရှိကြောင်း ဆိုသည်။

တရုတ်နိုင်ငံက အာဖရိကသို့ချေးငွေပေးထားသော အတိုးနှုန်းသည် ဈေးကွက်ပေါက်ဈေးနှင့်နှိုင်းယှဉ်ပါက အနိုမ့်ဆုံးအတိုးနှုန်းတစ်ခုဖြစ်သလို အကြွေးပြန်လည်ပေးချေရမည့် အချိန်ကာလမှာလည်း အရှည်ကြာဆုံးဖြစ်သည်။ အဆိုပါချေးငွေများသည် အခြေခံအဆောက်အအုံများတည်ဆောက်ရေးတွင် အသုံးပြုမည်ဖြစ်ပြီး အဆိုပါအခြေခံအဆောက်အအုံများအား ပြန်လည်ပေးအပ်ရန် ကတိကဝတ်ပြုခြင်း နှင့် အာဖရိကနိုင်ငံများတွင် စီးပွားရေးအခွင့်အလမ်းတည်ဆောက်ရန်အတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။

အလုံးစုံခြုံငုံသုံးသပ်ရမည်ဆိုပါက အာဖရိကနိုင်ငံများနှင့် ဆက်ဆံရေးတွင် တရုတ်နိုင်ငံ၏ စံနှုန်းတန်ဖိုးများမှာ win-win ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းတစ်ခုပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်သည်။ လာမည့်နှစ်များတွင် နှစ်ဖက်အကြား ဆက်ဆံရေးများသည် အတိတ်ကာလဆီက အာဖရိကတိုက်ရှိ တရုတ်နိုင်ငံ၏ ပုံရိပ်များကို ချေဖျက်ကာ ပို၍ ကောင်းမွန်သော ပို၍ခိုင်မာသော လမ်းကြောင်းဆီ ရောက်ရှိလာပါလိမ့်မည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.