Connect with us

Politics, Law & Military

တရုတ်နိုင်ငံက အာဖရိကတိုက်အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ ထောက်ပံ့မည်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် အဖွင့်မိန့်ခွန်းစကား ပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၁၈ ပေကျင်း ထိပ်သီးအစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို မဟာပြည်သူ့ခန်းမဆောင်တွင် စက်တင်ဘာ ၃ ရက် ညနေပိုင်းက ကျင်းပခဲ့ရာ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

ထိုသို့ မိန့်ခွန်းပြောကြားရာတွင် သမ္မတ ရှီ က “လုပ်ဆောင်ချက် ၈ ခု” ကို အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံက အစိုးရမှကူညီထောက်ပံ့ခြင်း၊ ဘဏ္ဍာရေး အဖွဲ့အစည်းများ၊လုပ်ငန်းများပူးပေါင်းရင်းနှီးမြှုပ်နှံခြင်းဖြင့် အာဖရိကတိုက်အား အမေရိကန် ဒေါ်လာ ဘီလီယံ ၆၀ထောက်ပံ့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့အနက် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကို အလွတ်ထောက်ပံ့ခြင်း သို့မဟုတ် အတိုးမဲ့ သို့မဟုတ် အတိုးနှုန်း သက်သာစွာဖြင့် ကူညီပေးမည်ဟူ၍လည်းကောင်း ၊ ဒေါ်လာ ဘီလီယံ ၂၀ ကို credit linesအနေဖြင့် လည်ကောင်း၊ ဒေါ်လာ ၁၀ ဘီလီယံကို တရုတ်-အာဖရိက ဖွံ့ဖြိုးရေး ရန်ပုံငွေ အဖြစ်လည်းကောင်း ၊ ဒေါ်လာ ၅ ဘီလီယံကို အာဖရိက သွင်းကုန် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေအဖြစ်လည်းကောင်း ၊ အနာဂတ် ၃ နှစ်တာကာလ အတွင်း တရုတ်လုပ်ငန်းများ အာဖရိကတိုက်၌ရင်းနှီးမြုပ်နှံမှုပမာဏ ဒေါ်လာ ၁၀ ဘီလီယံထပ်မနည်း ရှိအောင် တွန်းအားပေးရန် အတွက် လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်သည် ဟု သမ္မရှီတက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.