Connect with us

Politics, Law & Military

တရုတ်နိုင်ငံသို့ အယ်လ်ဆာဗေးဒိုးနိုင်ငံ၊ ဒိုမီနီကန်နိုင်ငံ၊ ကျူးဘားနိုင်ငံမှ သမ္မတများ၊ ပါကစ္စတန်နိုင်ငံ၊ ရုရှားနိုင်ငံမှ ဝန်ကြီးချုပ်များ လာရောက်လည်ပတ်မည်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (ဝဲ) နှင့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် Dmitry Medvedev တို့လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် အယ်လ်ဆာဗေးဒိုးနိုင်ငံ သမ္မတ Sanchez Ceren ၊ ဒိုမီနီကန်နိုင်ငံ သမ္မတ Danilo Medina နှင့် ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel တို့သည် အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၈ ရက်အထိ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်းက အောက်တိုဘာလ ၂၉ ရက်တွင် ကြေညာလိုက်သည်။

ထို့ပြင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်၏ ဖိတ်ကြားချက်ဖြင့် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် အီမရန်ခန်း (Imran Khan) ရုရှားနိုင်ငံ ဝန်ကြီးချုပ် Dmitry Medvedev တို့လည်း နိုဝင်ဘာလ ၂ ရက်မှ ၇ ရက်အထိ အသီးသီး တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ကြမည်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ ဝန်ကြီးချုပ် Medvedev ၏ ခရီးစဉ်အတွင်း တရုတ်နှင့်ရုရှား နှစ်နိုင်ငံ အစိုးရခေါင်းဆောင်များအကြား ၂၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဝန်ကြီးချုပ် လီက ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.