Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ ပထမဆုံးသွင်းကုန်ပြပွဲသို့ ၁၈ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်မည်

တရုတ်နိုင်ငံတွင် ပထမဆုံး တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကျင်းပမည့် အဆောက်အအုံအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် ပထမဆုံး တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) သု့ိ နိုင်ငံ ၁၈ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာလ ၂၉ ရက်တွင် ကြေညာလိုက်သည်။

CIIE သို့ တက်ရောက်မည့် ခေါင်းဆောင်များတွင် ချက်နိုင်ငံ သမ္မတ Milos Zeman ၊ ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel ၊ ဒိုမီနီကန်နိုင်ငံ သမ္မတ Danilo Medina ၊ ကင်ညာနိုင်ငံ သမ္မတ Uhuru Kenytta ၊ လစ်သူယေးနီးယားနိုင်ငံ သမ္မတ Dalia Grybauskaite ၊ ပနားမားနိုင်ငံ သမ္မတ Juan Carlos Varela ၊ အယ်လ်ဆာဗေးဒိုးနိုင်ငံ သမ္မတ Salvador Sanchez Ceren ၊ ဆွစ်ဇာလန်နိုင်ငံ သမ္မတ Alain Berset ၊ ကွတ်ကျွန်းများ (Cook Islands) ဝန်ကြီးချုပ် Henry Puna ၊ ခရိုအေးရှားနိုင်ငံ ဝန်ကြီးချုပ် Andrej Plenkovic ၊ အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် Mostafa Madbouly ၊ ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Viktor Orban ၊ ဂျော်ဂျီယာနိုင်ငံ ဝန်ကြီးချုပ် Mamuka Bakhtadze ၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် Thongloun Sisoulith ၊ မောလ်တာနိုင်ငံ ဝန်ကြီးချုပ် Joseph Muscat ၊ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Imran Khan ၊ ရုရှားနိုင်ငံ ဝန်ကြီးချုပ် Dmitry Medvedev နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Nguyen Xuan Phuc တို့ ပါဝင်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လုခန်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.