Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၌ တက်ကြွစွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့် အဆင့်မြင့်အရာရှိကြီး ၁ဝ ဦးကို ဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်ခန့်အပ်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ရာထူးတိုးမြှင့်ခံရသော ဗိုလ်ချုပ်ကြီးများ အမှတ်တရဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ တက်ကြွစွာတာဝန်ထမ်းဆောင်ခဲ့ကြသည့် အဆင့်မြင့်အရာရှိကြီး ၁ဝ ဦးကို တရုတ်စစ်တပ် နှင့် လက်နက်ကိုင်ရဲတပ်ဖွဲ့များတွင် ဗိုလ်ချုပ်ကြီး ရာထူးများသို့ အသီးသီး တိုးမြှင့်ခန့်အပ်လိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်(CMC) ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပေကျင်းမြို့၌ ဇူလိုင် ၃၁ ရက်တွင် ကျင်းပသည့် ဗဟိုစစ်ကော်ရှင်အခမ်းအနားတစ်ခုတွင် အဆိုပါအရာရှိကြီး ၁ဝ ဦးအား ဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်ခန့်ထားရန် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်ခံရသူများထဲတွင် ဗဟိုစစ်ကော်မရှင်(CMC) စစ်လက်နက်ထုတ်လုပ်ရေးဌာနညွှန်ကြားရေးမှူး Li Shangfu ၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး Yuan Yubai၊ PLA အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နိုင်ငံရေးရာမှူး Wu Shezhou ၊ PLA မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နိုင်ငံရေးရာမှူး Fan Xiaojun ၊ PLA အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နိုင်ငံရေးရာမှူး Zhu Shengling ၊ PLA ရေတပ်ဦးစီးချုပ် Shen Jinlong ၊ PLA ရေတပ် နိုင်ငံရေးရာမှူး Qin Shengxiang ၊ PLA လေတပ်ဦးစီးချုပ် Ding Laihang ၊ PLA ၏ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီး Zheng He နှင့် တရုတ်ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့နိုင်ငံရေးရာမှူး An Zhaoqing တို့ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် ရာထူးတိုးမြှင့်မှုအမိန့်ပြန်တမ်းကို CMC ဒုတိယဥက္ကဋ္ဌ Xu Qiliang က ကြေညာခဲ့ပြီး နောက်ထပ် CMC ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ Zhang Youxia က ဖတ်ကြားပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.