Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄ဝ ပြည့်အခမ်းအနားကျင်းပ


ပေကျင်း ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄ဝ ပြည့် အခမ်းအနားကို ယနေ့ဒီဇင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း မဟာတော်လှန်ရေးတစ်ခုကြောင့် တရုတ်လူမျိုးတို့၏ ကံကြမ္မာကို ပြောင်းလဲစေခဲ့သလို ကမ္ဘာကြီးပေါ်တွင်လည်း သြဇာလွှမ်းမိုးမှု သက်ရောက်စေခဲ့သည်။

နှစ် ၄ဝ ပြည့် ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်း အခမ်းအနားကို တရုတ်နိုင်ငံ ပေကျင်းမြို့မဟာပြည်သူ့ခန်းမ ၌ ဒေသစံတော်ချိန် ယနေ့နံနက် ၁ဝ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းအခမ်းအနားသို့တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အခြားတရုတ်ထိပ်တန်းခေါင်းဆောင်များ စုံလင်စွာတက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲခြင်း နှင့်တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄ဝ ပြည့် အခမ်းအနားမြင်ကွင်အားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲခြင်း နှင့်တံခါးဖွင့်ဝါဒကျင့်သုံးခြင်း နှစ် ၄ဝ ပြည့် အခမ်းအနားမြင်ကွင်အားတွေ့ရစဉ်(ဆင်ဟွာ)

အခမ်းအနားတွင် တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသူများအားလုံးက တရုတ်နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခဲ့ကြကြောင်းသိရသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ (CPC) နိုင်ငံရေးပေါ်လစ်ဗျူရို အမြဲတမ်းအဖွဲ့ဝင် ဝမ်ဟူနင်းက တိုင်းပြည်၏ ပြုပြင်ပြောင်းလဲခြင်း နှင့် တံခါးဖွင့်ဝါဒကျင့်သုံးခြင်းတွင် ထူးထူးခြားခြား အစွမ်းကုန်ကြိုးပမ်းပါဝင်ခဲ့ကြသူများကို ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်မည့် ဆုံးဖြတ်ချက် တစ်ခုကို ဖတ်ကြားတင်သွင်းခဲ့သည်။

အဆိုပါပုဂ္ဂိုလ်များသည် “ မဟာထူးကဲသောပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့်ဝါဒကျင့်သုံးရေး ဖန်တီးရှင်များ” ဖြစ်ကြောင်း နှင့် လွန်ခဲ့သော နှစ်ပေါင်း ၄ဝ က ၎င်းတို့သည် နိုင်ငံ၏မောင်းနှင်အား “ စွမ်းအားတို့အစပြုရာ” ဖြစ်ကြောင်း ဝမ်က ဆိုသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နှင့် နိုင်ငံတော်ကောင်စီဝင်၏ ဆုံးဖြတ်ချက်အရ တရုတ်နိုင်ငံသား ၁ဝဝ ဦးကို ပြုပြင်ပြောင်းလဲရေးအစပြုဖော်ဆောင်သူများ ဂုဏ်ပြုဆုတံဆိပ် နှင့် နိုင်ငံခြားသား ၁ဝ ဦးကို တရုတ်နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်မိတ်ဆွေကောင်း ဂုဏ်ပြုဆုတံဆိပ် အသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံခေါင်းဆောင်များက ဂုဏ်ပြုဆုတံဆိပ်ရရှိသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.