Connect with us

Politics, Law & Military

တရုတ်နိုင်ငံ တရားရုံးချုပ်က ၂၀၁၆ ခုနှစ်အတွင်း အမှု ၄၂ ရာခိုင်နှုန်းကျော်အား စီရင်ချက်ချနိုင်ခဲ့

၁၂ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ၂၀၁၆ ခုနှစ်အတွင်း စီရင်ချက်ချနိုင်ခဲ့သည့် အမှု အရေအတွက် များပြားခဲ့ကြောင်း ပြည်သူ့ တရားရုံးချုပ် (Supreme People’s Court= SPC) က ယနေ့ (မတ်လ ၁၂ ရက်) တွင် အစီရင်ခံ တင်ပြခဲ့သည်။

SPC အနေဖြင့် ယခင်နှစ်က အမှုပေါင်း ၂၂,၇၄၂ မှုအား ကိုင်တွယ်ခဲ့ပြီး အမှုပေါင်း ၂၀,၁၅၁ မှုအား စီရင်ချက်ချနိုင်ခဲ့ကြောင်း၊ ယင်း ပမာဏသည် ၂၀၁၅ ခုနှစ်ကထက် အမှု အရေအတွက်အားဖြင့် ၄၂.၃ ရာခိုင်နှုန်း စီရင်ချက်ချနိုင်သည့် ပြစ်မှု အရေအတွက်အားဖြင့် ၄၂.၆ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ကြောင်း ၁၂ ကြိမ်မြောက် အမျိုးသား ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးသို့ တရားသူကြီးချုပ် Zhou Qiang မှတင်သွင်းသော လုပ်ငန်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

၂၀၁၆ ခုနှစ်အတွင်း အောက်တရားရုံးမှ ကိုင်တွယ်ခဲ့သော အမှုပေါင်း ၂၃.၀၃ သန်း ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ကထက် ၁၈ ရာခိုင်နှုန်းများလာခဲ့ကြောင်း၊ စီရင်ချက်ချနိုင်ခဲ့သည့် အမှုပေါင်းမှာ ၁၉.၇၇ သန်း ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ကထက် ၁၈.၃ ရာခိုင်နှုန်းများလာခဲ့ကြောင်း လုပ်ငန်း အစီရင်ခံစာအရ သိရသည်။

ယင်းအနက် စီပွားရေးနှင့် ဆက်စပ်သည့်အမှုပေါင်း ၄ သန်းကျော်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၂၀.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ တရားမမှုကတော့ ၆.၇ သန်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဆက်စပ်သည့် အမှုပေါင်း ၁၃၃,၀၀၀ မှုရှိခဲ့သည်ဟု ဆိုသည်။

ပြစ်မှုဆိုင်ရာ အမှုများအနေဖြင့် စုစုပေါင်း ၁.၁၂ သန်း ရှိခဲ့ကြောင်း၊ ယင်းအနက် လူသတ်မှု၊ ဓားပြမှု၊ ပြန်ပေးဆွဲမှုနှင့် ခိုးမှုများ အပါအဝင် ၂၂၆,၀၀၀ မှု၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့် အမှုပေါင်း ၁၁၈,၀၀၀ မှု စသဖြင့် ရှိခဲ့ကြောင်း၊ သို့သော်လည်း ရာဇဝတ်မှုအတွက် ပြစ်ဒဏ် ကျခံရသူ အရေအတွက်မှာမူ ယခင်နှစ်ကထက် ၁ ရာခိုင်နှုန်း လျော့နည်းသွားကာ ၁.၂၂ သန်းသာရှိခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

ထို့ပြင် ပြည်နယ်ဆိုင်ရာ၊ ဝန်ကြီးအဆင့်နှင့် အထက်ပိုင်း ပုဂ္ဂိုလ်များ အပါအဝင် အစိုးရ အရာရှိဟောင်း ၃၅ ဦးသည် လာဘ်စားမှု ၄၅၀၀၀ မှုတွင် ပါဝင်ပတ်သက်မှုှရှိနေကြောင်း တွေ့ရှိခဲ့ရပြီး ယင်းအနက် လာဘ်စားမှု ၂,၈၀၀ မှုအား စီရင်ချက်ချနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.