Connect with us

Politics, Law & Military

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား စက်မှုလုပ်ငန်းအစီအစဉ်အပေါ် တရုတ်နိုင်ငံက အာမခံချက်ပေးမည်

တရုတ်နိုင်ငံ စက်မှု နှင့် ဆက်သွယ်ရေး နည်းပညာဝန်ကြီးဌာန ဝန်ကြီး Miao Wei က သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၂ ရက် (ဆင်ဟွာ)

Made in China 2025 ဟု အမည်ပေးထားသည့် တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အပေါ် အသေးစိတ်ရှင်းလင်းချက်များကို တရုတ်နိုင်ငံ စက်မှု နှင့် ဆက်သွယ်ရေး နည်းပညာဝန်ကြီးဌာန ဝန်ကြီး Miao Wei က မတ်လ ၁၁ ရက်တွင် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ဝန်ကြီးက နိုင်ငံခြားလုပ်ငန်းရှင်များအပေါ်ခွဲခြားဆက်ဆံမှုများရှိနေသည်ဆိုသည့် ဝေဖန်မှုများကိုငြင်းပယ်ခဲ့ပြီး “ Made in China 2025 ”အစီအစဉ် နှင့် ဆက်စပ်မူဝါဒများသည် တရုတ်နိုင်ငံအတွင်း လုပ်ကိုင်နေသော ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းအားလုံး နှင့် ဆက်နွယ်အကြုံးဝင်ကြောင်း ဝန်ကြီးက ဆိုသည်။

နိုင်ငံအတွင်းဝင်ရောက်လုပ်ကိုင်ခွင့်မူဝါဒသစ်သည် စက်ရုံအလုပ်ရုံများအနေဖြင့် နည်းပညာဖွံ့ဖြိုးမှု နှင့် သုသေတနလုပ်ငန်းများကိုပါ အလုံးစုံ လုပ်ကိုင်သွားရမည်ဖြစ်ကြောင်း ၊ ၎င်းမှာ နည်းပညာလွှဲပြောင်းရယူရန် နိုင်ငံခြား ကုမ္ပဏီများအား ပစ်မှတ်ထားခြင်း သို့မဟုတ် နိုင်ငံခြားကုမ္ပဏီများအား ဖိအားပေးခြင်း မဟုတ်ကြောင်း ဝန်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.