Connect with us

Politics, Law & Military

တရုတ် သမ္မတ ရှီကျင့်ဖိန်အား ချက်သမ္မတနိုင်ငံ သမ္မတ ဇီးမန်းက နွေရာသီ စံအိမ်တော်၌ လက်ခံတွေ့ဆုံ

တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် ချက်သမ္မတနိုင်ငံ သမ္မတ မီလော့စ် ဇီးမန်းတို့ Lany နွေရာသီ စံအိမ်တော်၌ တွေ့ဆုံနေစဉ် (ဆင်ဟွာ)

ပါရာဂွေး၊ မတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ချက်သမ္မတနိုင်ငံ သမ္မတ မီလော့စ် ဇီးမန်း (Milos Zeman) တို့သည် နွေရာသီ စံအိမ်တော် အတွင်းရှိ ပန်းခြံထဲ၌ အပန်းဖြေ လမ်းလျှောက်ပြီးနောက် နှစ်နိုင်ငံ အရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရ သည်။

နှစ်နာရီကြာ ဆွေးနွေးခဲ့စဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ဥရောပသမဂ္ဂ၊ ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း ဒေသ (CEE) နှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေး ခိုင်မာစေရန် ချက်သမ္မတနိုင်ငံအနေဖြင့် မည်သို့ ကူညီနိုင် မလဲ စသည့် အကြောင်းအရာများအား နှစ်နိုင်ငံ ခေါင်းဆောင်များက လေးလေးနက်နက် ဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲအား ဥရုဂွေးပြင်ပရှိ ချက်သမ္မတနိုင်ငံ သမ္မတ၏ နွေရာသီ စံအိမ်တော် Lany Chateau ၌ ပြုလုပ်ခဲ့ ခြင်း ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် ချက်သမ္မတနိုင်ငံ သမ္မတ မီလော့စ် ဇီးမန်းတို့ Lany နွေရာသီ စံအိမ်တော်၌ တွေ့ဆုံနေစဉ် (ဆင်ဟွာ)

တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် ချက်သမ္မတနိုင်ငံ သမ္မတ မီလော့စ် ဇီးမန်းတို့ ဖန်းမျိုးဝင်အပင် (Ginkgo) အား စိုက်ပျိုးနေစဉ် (ဆင်ဟွာ)

တရုတ်နှင့် ချက်သမ္မတနိုင်ငံအကြား သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် ဆယ်စုနှစ် ခြောက်ခုကတည်းက တည်ထောင်ခဲ့သည့် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ တရုတ်- ချက်သမ္မတနိုင်ငံ ဆက်ဆံရေးနှင့် တရုတ်- ဥရောပ ဆက်ဆံရေး၊ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းအား ပူးပေါင်းဆောင်ရွက်ရန် ၂၀၁၅ ခုနှစ်က နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးထားခဲ့သလို ကာလရှည်စွာ တည်ရှိခဲ့သော ချစ်ကြည်ရင်းနှီးမှုအား အသစ်ပြန်လည် ထိန်းသိမ်းရန် ရှီက အလေးအနက်ထား ပြောကြားခဲ့သည်။

ထို့နောက် ချက်သမ္မတနိုင်ငံ သမ္မတ ဇီးမန်းကလည်း သမ္မတရှီ၏ ခရီးစဉ်သည် နှစ်နိုင်ငံကြား နိုင်ငံရေး ယုံကြည် မှု မြှင့်တင်ရေးနှင့် နယ်ပယ်များစွာ၌ ဖလှယ်ရေးအတွက် အခွင့်အလမ်းအသစ်များ ရရှိနိုင်မည်ဟု ယုံကြည် ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ သမ္မတများသည် နွေရာသီ စံအိမ်တော်၌ တွေ့ဆုံဆွေးနွေးပွဲ မပြုလုပ်မီ ဖန်းမျိုးဝင်အပင် (Ginko) ပင်ပျိုအား နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဖန်းမျိုးဝင်အပင်၏ အဓိပ္ပါယ်မှာ တရုတ် ယဉ်ကျေးမှုအရ ရေရှည် ချစ်ကြည်ရင်းနှီးမှု၏ ပြယုဂ်အဖြစ် ပုံဆောင်ပြီး နှစ်နိုင်ငံကြား ရင်းနှီးစွာ ဆက်ဆံမှု လက္ခဏာ ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် သုံးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ချက်သမ္မတနိုင်ငံသို့ မတ်လ ၂၈ ရက်က ရောက်ရှိခဲ့သလို နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့သည့် ၆၇ နှစ်တာအတွင်း တရုတ်သမ္မတ တစ်ဦးအနေဖြင့် ပထမဆုံးအကြိမ် ရောက်ရှိနေခြင်းလည်း ဖြစ်သည်။
ရှီသည် ချက်သမ္မတနိုင်ငံ ခရီးစဉ်ပြီးလျှင် အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီသို့ သွားရောက်ကာ မတ်လ ၃၁ ရက်မှ ဧပြီလ ၁ ရက် အထိပြုလုပ်မည့် လေးကြိမ်မြောက် နျူကလီးယား လုံခြုံရေး ထိပ်သီး အစည်းအဝေး သို့ တက်ရောက်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.