Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisiတို့ တွေ့ဆုံ ဆွေးနွေး


ပေကျင်း၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisiတို့သည် စက်တင်ဘာ ၁ ရက်က မဟာပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတရှီက အီဂျစ်နိုင်ငံသည် အာရပ် ၊ အာဖရိက၊ အစ္စလာမ္မစ်နိုင်ငံများ ၊ဖွံ့ဖြိုးဆဲနိုင်ငံကြီးများနှင့် ခေတ်သစ်စီးပွားရေးဖြစ်ထွန်းသောအသိုက်အဝန်း၏ ကိုယ်စားပြုတစ်ခုဖြစ် သောကြောင့် နိုင်ငံတကာနှင့်ဒေသဆိုင်ရာ အရေးကိစ္စများတွင် သက်ရောက်မှုများစွာ ရှိကြောင်း ၊ အီဂျစ်နိုင်ငံအစိုးရ၏ တည်ငြိမ်ရေး၊စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုများ၊ မိမိနိုင်ငံနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းစဉ်များအား လျှောက်လှမ်းမှုကို အစဉ်အမြဲထောက်ခံအားပေး ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-အီဂျစ်ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို အလေးထားကြောင်း ၊ အီဂျစ်နိုင်ငံနှင့်အတူ မဟာဗျူဟာညှိနှိုင်းဆွေးနွေးမှုများကို တိုးမြှင့်လုပ်ဆောင် ကာ ဘုံအကျိုးစီးပွားကို ကာကွယ်သွားလိုကြောင်း ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံသမ္မတ Abdel-Fattah al-Sisi အား ပေကျင်းမြို့ မဟာပြည်သူ့ခန်းမဆောင် တွင် အခမ်းအနားဖြင့် ကြိုဆိုစဉ် (ဆင်ဟွာ)

ဆက်လက်၍ တရုတ်နိုင်ငံအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီးအတူတည်ဆောက်ရာတွင် အီဂျစ်နိုင်ငံအား အရေးကြီးသည့်ရေရှည်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖြစ် သဘောထားသလို အီဂျစ်၏”၂၀၃၀ ရည်မှန်းချက်” “စူးအက်တူးမြောင်း စီးပွားရေးစြင်္က ံ ဖွံ့ဖြိုးရေး”စသည့် ဖွံ့ဖြိုးရေးမဟာဗျူဟာများနှင့် ချိတ်ဆက်ကာ နှစ်နိုင်ငံလက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ အကြမ်းဖက်ဆန့်ကျင်ရေးဆိုင်ရာ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်သွားလိုကြောင်း နှင့် ယဉ်ကျေးမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးဖလှယ်မှုများကို အတူတွန်းအားပေးလုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် အီဂျစ်နိုင်ငံသမ္မတ Abdel-Fattah al-Sisi တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisiကလည်း အီဂျစ်-တရုတ် နှစ်နိုင်ငံကြားတွင် ချစ်ကြည်ရေး အစဉ်အလာနှင့်အပြန်အလှန်ယုံကြည်မှုများတည်ရှိနေရာ နိုင်ငံတကာရေးရာအရေးကိစ္စပြဿနာများ တွင် ရပ်တည်ချက်ခြင်းတူညီသလို နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း ၊ အီဂျစ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို ဦးစားပေးအလေးထားကြောင်း၊ အီဂျစ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးအဆိုပြုချက်အား ထောက်ခံအားပေးသည့် အစောဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ၎င်းအဆိုပြုချက်မှ အီဂျစ်-တရုတ်နှစ်နိုင်ငံနှင့်နိုင်ငံတကာ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် အခွင့်အလမ်းကောင်းများကို သယ်ဆောင်လာပေးမည်ဟု အခိုင်အမာယုံကြည်ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်မှုတွင် အီဂျစ်နိုင်ငံအနေဖြင့် ဆက်လက်ထောက်ခံပါဝင်သွားမည်ဖြစ်ကြောင်း ၊ အီဂျစ်နိုင်ငံသည် အာဖရိကသမဂ္ဂ၏လာမည့်အလှည့်ကျ သဘာပတိနိုင်ငံအနေဖြင့် အာဖရိက -တရုတ် ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ အာဖရိကတိုက် နိုင်ငံ များ အလိုအပ်ဆုံးမှာ ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ကြောင်း၊ တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (FOCAC) ပေကျင်းထိပ်သီးဆွေးနွေးပွဲကျင်းပခြင်းသည် တရုတ်နိုင်ငံက အာဖရိကတိုက်၏ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထားခြင်းဖြစ်ကြောင်းကို ဖော်ပြကြောင်း၊ အီဂျစ်အနေဖြင့် အဆိုပါ ထိပ်သီး ဆွေးနွေးပွဲကြီးအောင်မြင်စွာကျင်းပရန် အစွမ်းကုန် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ၊ အရှေ့ အလယ်ပိုင်းရေးရာပြဿနာများတွင် တရုတ်နိုင်ငံ၏ တရားမျှတ၍ သမာတမတ်ကျစွာ ရပ်တည်ခဲ့ သည့်မှာ အပြုသဘောဆောင်ကြောင်း ၊ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများကို လည်း တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ ဆွေးနွေးပွဲပြီးနောက် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များအား တရုတ်နိုင်ငံ သမ္မတ နှင့် အီဂျစ်နိုင်ငံသမ္မတတို့၏ ရှေ့မှောက်လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ (Xinhua)