Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပထမအကြိမ် ချင်းသောင် နိုင်ငံစုံပါဝင်သောထိပ်သီးအစည်းအဝေးသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုံပြည်နယ်ရှိ ချင်းသောင်မြို့အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံအရှေ့ပိုင်း ရှန်တုံပြည်နယ် ချင်းသောင်မြို့တွင် အောက်တိုဘာ ၁၉ ရက်၌ ဖွင့်လှစ်သော ပထမအကြိမ် ချင်းသောင် နိုင်ငံစုံပါဝင်သောထိပ်သီးအစည်းအဝေးသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့လိုက်ကြောင်း သိရသည်။

အရေးပါသော ပါဝင်သူများ၊ မျက်မြင်သက်သေများနှင့် အကျိုးခံစားခွင့်ရှိသူများကြောင့် နိုင်ငံစုံပါဝင်မှုက တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲခြင်းနှင့် တံခါးဖွင့်ဝါဒ၏ နှစ်ပေါင်း ၄၀ ကျော် (40-plus) ကာလတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ရှီက ပြောခဲ့သည်။

တရုတ်နိုင်ငံ၏ တံခါးဖွင့်ဝါဒ တံခါးမှာ ကျယ်သထက်ကျယ်စွာ ဖွင့်လှစ်သွားမည်ဖြစ်သလို စီးပွားရေး ပတ်ဝန်းကျင်ကလည်း ကောင်းသထက်ကောင်းလာမည်ဖြစ်ကာ ကမာ္ဘလုံးဆိုင်ရာ နိုင်ငံစုံပါဝင်မှုအတွက် အခွင့်အလမ်းများ များသထက်များလာမည် ဖြစ်ကြောင်း ရှီက အလေးထားပြောခဲ့သည်။

ထို့ပြင် ကမာ္ဘလုံးဆိုင်ရာ စီးပွားရေးသမားများကိုလည်း တရုတ်နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်၊ အပြန်အလှန် အကျိုးကျေးဇူးနှင့် နှစ်ဦးနှစ်ဘက် အကျိုးရလဒ်များအတွက် မောင်းနှင်ရန်နှင့် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခု ပူးတွဲဖန်တီးရန် ဖိတ်ခေါ်ကြောင်း ရှီက သဝဏ်လွှာ၌ ရေးသားထားသည်။

ပထမဆုံးအကြိမ် ချင်းသောင် နိုင်ငံစုံထိပ်သီးအစည်းအဝေးအား တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ရှန်တုံပြည်နယ်အစိုးရတို့က ပူးတွဲကျင်းပခြင်းဖြစ်သည်။ “နိုင်ငံစုံပါဝင်မှုနှင့် တရုတ်နိုင်ငံ” ဟူသော ရည်ရွယ်ချက်ဖြင့် ကျင်းပသည့် ထိုထိပ်သီးအစည်းအဝေး၌ တံခါးပိတ်အစည်းအဝေးများ၊ အပြိုင်ဆွေးနွေးပွဲများနှင့် အပြိုင်ခရီးသွားပြပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.