Connect with us

Politics, Law & Military

တရုတ်နှင့် ဆော်ဒီ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်၍ စက်မှုလုပ်ငန်းဆိုင်ရာ ပိုမို ပူးပေါင်းဆောင်ရွက်ရေး အာရုံစိုက်မည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဆော်ဒီ ဘုရင် ဆဲလ်မန် ဘင် အဗ္ဗဒူလစ်ဇ် အယ်လ် ဆော့ဒ်တို့ တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

ရီယာ့ဒ်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ကျယ်ပြန့်သော မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ပြီး စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးများတွင် ပိုမိုအာရုံစိုက်သွားမည် ဖြစ်ကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များက ဇန်နဝါရီလ ၁၉ ရက်က သဘောတူခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဆော်ဒီ ဘုရင် ဆဲလ်မန် ဘင် အဗ္ဗဒူလစ်ဇ် အယ်လ် ဆော့ဒ်တို့သည် စက်မှု လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ တစ်ခု လက်မှတ်ရေးထိုးခဲ့သည်။ ထိုနားလည်မှုစာချွန်လွှာအရ တရုတ်နိုင်ငံက အဆိုပြုထားသည့် ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းအား ပူးတွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းအား ဆော်ဒီအာရေဗျနိုင်ငံက ထောက်ပံ့ပေးပြီး နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင် ခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ကြောင်း ဆော်ဒီ ဘုရင်က ပြောကြားခဲ့ သည်။

ထို့ပြင် စွမ်းအင်၊ ဆက်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ လေကြောင်းလုပ်ငန်း၊ သိပ္ပံနှင့် နည်းပညာ စသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များအား နှစ်နိုင်ငံ ခေါင်းဆောင်များက လက်မှတ် ရေးထိုးခဲ့သည်။

တရုတ် သမ္မတ ရှီကျင့်ဖိန်သည် ဆော်ဒီအာရေဗျနိုင်ငံ၏ အမြင့်ဆုံးဘွဲ့ တံဆိပ် ဖြစ်သည့် King Abdulaziz Medal ကို ချီးမြှင့်ခြင်းခံရသည်။

ဆောင်ဒီအာရေဗျနိုင်ငံသည် တရုတ်နိုင်ငံ၏ အနောက် အာရှနှင့် အာဖရိကနိုင်ငံများအတွင်း အကြီးဆုံး ကမ္ဘာ့ ရေနံစိမ်း ထောက်ပံ့သူနှင့် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်မှာတော့ တရုတ်နိုင်ငံ သည် ပထမဆုံးအကြိမ် ဆော်ဒီအာရေဗျနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ဒေါ်လာ ၆၉.၁ ဘီလီယံ ရှိခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် ဆီးရီးယား ဒုက္ခသည်များ အတွက် နိုင်ငံတကာ အသိုင်းအဝိုင်း၏ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရေးနှင့် ထောက်ပံ့မှုများ ဆက်လက် လုပ်ဆောင်သင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင် တစ်ဦးအဖြစ် ၇ နှစ်တာအတွင်း ပထမ ဆုံး အကြိမ် ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်ခြင်း ဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်မှ ၂၃ ရက်အထိ ဆော်ဒီအာ ရေဗျ၊ အီဂျစ်နှင့် အီရန် နိုင်ငံများသို့ သွားရောက် လည်ပတ်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.