Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် OIC အကြီးအကဲ နှင့် ဒေသတွင်း အရေးကိစ္စများအပါအဝင် ယဉ်ကျေးမှု ဖလှယ်ခြင်း ဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အထွေထွေ အတွင်းရေးမှူး Iyad Ameen Madani တို့ လက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ရီယာ့ဒ်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆော်ဒီအာရေဗျနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိနေစဉ် အတွင်း အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (OIC) အထွေထွေ အတွင်းရေးမှူး Iyad Ameen Madani နှင့် ဇန်နဝါရီလ ၁၉ရက်နေ့က တွေ့ဆုံခဲ့ပြီး ဒေသတွင်း အရေးကိစ္စများအပါအဝင် ယဉ်ကျေးမှုဖလှယ်ရေး ဆိုင်ရာ ကိစ္စရပ်များ အားဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှီက OIC သည် အစ္စလာမ်နိုင်ငံ များ စုစည်းမှု ၏ သင်္ကေတ တစ်ခုပင်ဖြစ်ပြီး ၎င်းနိုင်ငံများ ပူးပေါင်း ဆောင်ရွက် ခြင်း အတွက် ကောင်းမွန်ထင်ရှားသည့် အကျိုးအမြတ်များစွာကို လုပ်ဆောင်ပေးနိုင်ကြောင်း၊ တရုတ်နိုင်ငံ နှင့် OIC တို့သည် နှစ်ပေါင်း ၄၀ ရင်းနှီးစွာ ဖလှယ်မှုများ ရှိခဲ့ပြီး မတူညီသည့် ယဉ်ကျေးမှု များ၊ ဘာသာတရားနှင့် လူမှုဆက်ဆံရေး ဓလေ့များကို အပြန်အလှန်လေ့လာခွင့်ရခဲ့ကြောင်း ပြောကြားခဲ့သည်။

ရှီက တရုတ်နိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ဖြစ်စဉ်များအပေါ် OIC ၏ မှန်ကန်သည့်ဖက်မှ ရပ်တည်၍ ထုတ်ဖော်ပြောဆိုမှု များအား အထူးအလေးထားပါကြောင်း၊ တရုတ်နိုင်ငံ သည် ပိုးလမ်းမကြီး အစပျိုးမှု မူဘောင်အတွင်း အစ္စလာမ် နိုင်ငံများ နှင့် အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး တူညီသော အကျိုးစီးပွားများ ဖြစ်ထွန်းလာစေရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။

ရှီ ကဆက်၍ တရုတ်နိုင်ငံ နှင့် အစ္စလာမ်နိုင်ငံများကြား တွေ့ဆုံဆွေးနွေးမှုများ ပိုမို ပြုလုပ်သင့်ပြီး ပါလက်စတိုင်းအရေးကိစ္စ အား အဆင်ပြေချောမွေ့စွာ ဖြေရှင်းနိုင်ရန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုလိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
OIC အထွေထွေအတွင်းရေးမှူး Iyad က OIC သည် တရုတ်နိုင်ငံ နှင့် ဆက်ဆံရေးအား အထူး အလေးထား ပါကြောင်း၊ အရှေ့အလယ်ပိုင်း ဒေသ အရေးကိစ္စရပ်များအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်မှု များကို လေးမြတ်တန်ဖိုးထားပါကြောင်း နှင့် တရုတ်နိုင်ငံ အနေဖြင့် အရှေ့အလယ်ပိုင်း ဒေသ နှင့် အာဖရိက ရေးရာ များတွင် ပိုမိုအရေးပါသည့် ကဏ္ဍများတွင် ပါဝင်လာရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အရှေ့အလယ်ပိုင်း သုံးနိုင်ငံ ခရီးစဉ် ပထမဆုံးအဖြစ် ဆော်ဒီအာရေဗျနိုင်ငံ သို့ဇန်နဝါရီလ ၁၉ရက်နေ့က ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.