Connect with us

Politics, Law & Military

တရုတ်ဝန်ကြီးချုပ် ကုလ အထွေထွေညီလာခံ တက်ရောက်ပြီးနောက် ကနေဒါ နှင့် ကျူးဘားသို့ ဆက်လက်သွားရောက်မည်

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဇနီးဖြစ်သူ ချန်းဟုန် အား ခရီးစဉ် တစ်ခု၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် သည် ၇၁ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် အတွက် စက်တင်ဘာ ၁၈ ရက် နေ့လည်ပိုင်း က ဇနီးဖြစ်သူ ချန်းဟုန် နှင့်အတူ ပေကျင်းမှ ထွက်ခွာလာခဲ့ကြောင်း နှင့် ညီလာခံပြီးနောက် ကနေဒါနိုင်ငံ နှင့် ကျူးဘားနိုင်ငံသို့ တရားဝင်ခရီးစဉ် လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။

လီ၏ ခရီးစဉ် သည် စက်တင်ဘာ ၁၈ မှ ၂၈ ရက်အထိ ကြာမြင့်မည်ဖြစ်ပြီး လီအား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ ကနေဒါနိုင်ငံ ဝန်ကြီးချုပ် Justin Trudeau ၊ ကျူးဘားနိုင်ငံတော်ကောင်စီ နှင့် ဝန်ကြီးများကောင်စီ ဥက္ကဋ္ဌ Raul Castro Ruz တို့က အသီးသီးဖိတ်ကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.