Connect with us

Politics, Law & Military

တရုတ်သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးတို့ တွေ့ဆုံ

အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဂျိုးဆက် ဒန်ဖို့ဒ် (ဝဲ) နှင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် (ယာ) တို့အား သြဂုတ်၁၇ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် သြဂုတ် ၁၇ ရက်တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမတွင် တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဂျိုးဆက် ဒန်ဖို့ဒ် နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှီက ဒန်ဖို့ဒ် သည် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် ရာထူးလက်ခံပြီးကတည်းက တရုတ်နိုင်ငံသို့ ပထမဆုံးရောက်ရှိလာသည့် ပထမဆုံး အကြီးတန်း စစ်တပ်အရာရှိတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီက ခရီးစဉ်သည် တိုတောင်းသော်လည်း တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ စစ်တပ်ဆက်ဆံရေး တစ်ဆင့်တက်လှမ်းနိုင်ရန် ဆောင်ရွက်နိုင်ခဲ့၍ အတော်အတန်ပြီးပြည့်စုံမှုရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.