Connect with us

Politics, Law & Military

တရုတ်သမ္မတ ရှီ နှင့် ဝန်ကြီးချုပ် တို့ က ဘာစီလိုနာ အကြမ်းဖက်မှုကြောင့် သေဆုံးသွားသူများအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ဘာစီလိုနာ အကြမ်းဖက်မှုကြောင့် သေဆုံးသွားသူများအတွက် ရည်ရွယ် ဆုတောင်းထားသည်များအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဘာစီလိုနာမြို့ ၏ အချက်အချာကျသောနေရာတွင် သြဂုတ် ၁၇ ရက်က အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၁၅ဦးသေဆုံးပြီး အခြားလူ ၁၀၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဝမ်းနည်းကြေကွဲရပါကြောင်း စပိန်နိုင်ငံ ဘုရင် Felipe VI ထံ သြဂုတ် ၁၉ ရက်တွင် သဝဏ်လွှာပေးပို့ခဲ့သည်။

စပိန်ဘုရင်ထံပေးပို့သော ရှီ၏ သဝဏ်လွှာ၌ ရှီက လူအများအပြားသေဆုံးစေခဲ့သော ဘာစီလိုနာမြို့ အကြမ်းဖက်မှုကို ကြားသိရသည့်အတွက် ထိတ်လန့်ကြေကွဲရပါကြောင်း ပြောကြားခဲ့သည်။

ရှီက တရုတ်နိုင်ငံသည် အကြမ်းဖက်မှုပုံစံမျိုးစုံကို ခိုင်မာစွာ ဆန့်ကျင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ စပိန်နိုင်ငံအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ နှင့်ပူးပေါင်းကာ ဒေသတွင်းလုံခြုံမှု၊ ကမ္ဘာ့ငြိမ်းချမ်းမှု နှင့် တည်ငြိမ်မှု ရရှိရန်အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်ကလည်း ဘာစီလိုနာ အကြမ်းဖက်မှု အပေါ် ဝမ်းနည်းကြေကွဲရပါကြောင်း သြဂုတ် ၁၈ ရက်တွင် စပိန်နိုင်ငံဝန်ကြီးချုပ် Mariano Rajoy ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.