Connect with us

Politics, Law & Military

ဆင်ဟွာ သတင်းဌာန ဥက္ကဋ္ဌ က တရုတ်-လက်တင်အမေရိက မီဒီယာ ဖိုရမ် ကို တက်ရောက် မိန့်ခွန်းပြောကြား

ဆင်ဟွာ သတင်းဌာန ဥက္ကဋ္ဌ ချိုင့်မင်ကျောက် က ၂၀၁၈ ခုနှစ် တရုတ်-လက်တင်အမေရိက မီဒီယာ ဖိုရမ် တွင် မိန့်ခွန်းပြောကြားစဉ်(ဆင်ဟွာ)

ဗျူရိုအေရီးစ် ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ဆင်ဟွာ သတင်းဌာန နှင့် အာဂျင်တီးနား နိုင်ငံ အများပြည်သူ မီဒီယာ ဝန်ကြီးဌာန တို့မှ ပူးပေါင်း ဆောင်ရွက်သည့် ၂၀၁၈ ခုနှစ် တရုတ်-လက်တင်အမေရိက မီဒီယာ ဖိုရမ် အား နိုဝင်ဘာ ၁၉ ရက် တွင် အာဂျင်တီးနား နိုင်ငံ မြို့ တော် ဗျူရိုအေရီးစ် တွင် ကျင်းပ ပြုလုပ် ခဲ့ရာ ဆင်ဟွာ သတင်းဌာန ဥက္ကဋ္ဌ ချိုင့်မင်ကျောက် (Cai Mingzhao) က တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ခဲ့သည်။

ဆင်ဟွာ သတင်းဌာန ဥက္ကဋ္ဌ ချိုင့်မင်ကျောက် က အဖွင့်အမှာစကား ပြောကြားရာတွင် တရုတ်-လက်တင်အမေရိက မီဒီယာ များအနေဖြင့် တူညီချက်များအား စုစည်း ပြီး ပူးပေါင်းဆောင်ရွက်မှု ကို နက်ရှိုင်းအောင် ဆောင်ရွက်ကာ အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ သတင်းမီဒီယာ လုပ်ငန်း သည် မတူညီသည့် နိုင်ငံ နှင့် ယဉ်ကျေးမှု အကြား ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု အတွက် ပေါင်းကူးတံတား ဖြစ်စေပြီး တရုတ်-လက်တင်အမေရိက ဆက်ဆံရေး တွင်လည်း မီဒီယာ က အရေးပါသည့် အခန်းကဏ္ဍတွင် တည်ရှိကြောင်း ၊ လတ်တလော နှစ်ပိုင်း အတွင်း တရုတ်-လက်တင်အမေရိက မီဒီယာ ဖလှယ်မှု က အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်လာ ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးပွား လာကာ တရုတ်-လက်တင်အမေရိက ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး အတွက် များစွာ တွန်းအားပေး ဆောင်ရွက် နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ချိုင့်မင်ကျောက် က တရုတ်-လက်တင်အမေရိက ဆက်ဆံရေး သည် ကမ္ဘာပေါ်တွင် အရေးပါဆုံးသော ဆက်ဆံရေး တစ်ခု အပါအဝင် ဖြစ်ပြီး ဘက်စုံပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အား ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ခြင်းသည် နှစ်ဦးနှစ်ဖက် ဘုံအကျိုးစီးပွား နှင့်လည်း ကိုက်ညီမှု ရှိကြောင်း ၊ ယင်း ဖြစ်စဉ်အတွင်း မီဒီယာ က ပိုမို အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်ပေးသွားရမည် ဖြစ်ကြောင်း ၊ ဆင်ဟွာ သတင်းဌာန အနေဖြင့် နိုင်ငံတကာ သတင်း ရေးသားဖော်ပြ ရာတွင် ဘက်စုံစစ်မှန်မှုရှိခြင်း ၊ ဘက်မလိုက်ခြင်း ၊ တရားမျှတခြင်း ၊ တိုးတက်အောင် တွန်းအားပေး ဆောင်ရွက်ခြင်း ၊ လူထု ကို အဓိက ထားခြင်း နှင့် ကမ္ဘာလုံးဆိုင်ရာ အမြင်ရှိခြင်း စသည့် ခံယူချက် များအား ခိုင်မြဲစွာ ဆုတ်ကိုင်ကာ လက်တင်အမေရိက နှင့် အတူတကွ တရုတ်-လက်တင်အမေရိက ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သတင်းရေးသားဖော်ပြမှုများအား တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း ၊ နှစ်ဖက်ပြည်သူလူထု တို့အား အပြန်အလှန် စစ်မှန်သည့် ပုံရိပ်များ သိရှိအောင် ဖော်ပြသွားပြီး နှစ်ဘက် ပြည်သူလူထု အကြား ချစ်ကြည်ရင်းနှီးမှု ကို အဆက်မပြတ် တိုးပွား အောင် ဆောင်ရွက်ကာ အတူတကွ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်သွား လိုကြောင်း ပြောကြား ခဲ့သည်။

တရုတ်-လက်တင်အမေရိက မီဒီယာ ဖိုရမ် သို့ တရုတ် နိုင်ငံ မှ မီဒီယာ ၁၃ ခု ၊ လက်တင်အမေရိက နှင့် ကာရစ်ဘီယံ ဒေသ ရှိ နိုင်ငံပေါင်း ၂၀ ကျော် မှ မီဒီယာပေါင်း ၁၀၀ ကျော် တို့ တက်ရောက် ခဲ့ကြပြီး ဖိုရမ် ကျင်းပစဉ် အတွင်း သဘောတူညီချက် များစွာ ရရှိနိုင်ခဲ့ကာ အခမ်းအနား အပြီးတွင် “ ၂၀၁၈ ခုနှစ် တရုတ်-လက်တင်အမေရိက မီဒီယာ ဖိုရမ် ကြေညာချက်” အား ထုတ်ပြန် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.