Connect with us

Politics, Law & Military

တရုတ်သမ္မတ ရှီကျင့်ဖိန် မှ ပဲရစ် အကြမ်းဖက် တိုက်ခိုက်ခံရမှု အပေါ် ပြင်းထန်စွာ ပြစ်တင်ရှုံ့ချ

ပဲရစ် အကြမ်းဖက်မှုများဖြစ်ပွား ပြီးနောက် အခင်းဖြစ်ပွားရာနေရာ များသို့ ရဲတပ်ဖွဲ့များရောက်ရှိလာစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာလ ၁၄ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာလ ၁၄ရက်နေ့ ညတွင် ဖြစ်ပွားခဲ့သည့် ပဲရစ် အကြမ်းဖက်ခံရမှု ဖြစ်စဉ်များ အပေါ် ပြင်းထန်စွာ ရှုံ့ချပါကြောင်း နိုဝင်ဘာလ ၁၄ရက်နေ့တွင် ပြောကြားခဲ့သည်။

ရှီ မှ ပြင်သစ်ပြည်သူများ အတွက် ဝမ်းနည်းကြေကွဲဖွယ်အခိုက်အတန့် အတွင်း တရုတ်အစိုးရ နှင့် တရုတ်ပြည်သူ များ ကိုယ်စား အဆိုပါ အကြမ်းဖက်မှုများကို ပြင်းထန်စွာ ရှုံ့ချပါကြောင်း ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်ဒီ သို့ ပေးပို့သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားကြောင်းသိရသည်။

ပဲရစ် နှင့် ၎င်း၏ ဆင်ခြေဖုံးဒေသများတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများနှင့် ဗုံး ပေါက်ကွဲမှုများ အတွင်း အနည်းဆုံး လူပေါင်း ၁၂၀ကျော် သေဆုံးခဲ့ကြောင်း ပဲရစ်၏ တရားလို ရှေ့နေ ဖရန်ဆွာ မော်လင်း မှ နိုဝင်ဘာလ ၁၄ရက်နေ့ အစောပိုင်း တွင်ပြောကြားခဲ့သည်။

ရှီ၏ သဝဏ်လွှာတွင် အကြမ်းဖက်မှု ဖြစ်စဉ်များ အတွင်း သေဆုံးခဲ့သူများအတွက် လွန်စွာ ဝမ်းနည်းပါကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများ နှင့် သေဆုံးသူများ၏ ဆွေမျိုး များအား ဆုတောင်းမေတ္တာပို့သပါကြောင်း ဖော်ပြထားသည်။

တရုတ် နိုင်ငံ သည် အကြမ်းဖက်မှု ပုံစံ အမျိုးမျိုးအား အမြဲ ဆန့်ကျင်ပါကြောင်း၊ ပြင်သစ်နိုင်ငံ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် လက်တွဲပြီး လုံခြုံရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ နိုင်ငံအားလုံးရှိ ပြည်သူများ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်လိုပါကြောင်း ရှီမှ ပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117