Connect with us

Politics, Law & Military

တရုတ်-လာအို ရထားလမ်း ပူးပေါင်းဆောင်ရွက်မှု စတင်လုပ်ဆောင်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်း ပြည်နယ်၏ မြို့တော် ဟန်ကျိုး ရှိ ဟန်ကျိုး အရှေ့ပိုင်း ဘူတာ မှ အမြန်ရထားလမ်း များအားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာလ ၁၄ရက် (ဆင်ဟွာ)

တရုတ် အစိုးရ နှင့် လာအို အစိုးရတို့သည် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နှင့် ဒေသတွင်း ကြီးပွားတိုးတက်မှုအား အရှိန်မြှင့်တင်ရန်အတွက် နယ်စပ်ဖြတ်ကျော် ရထားလမ်းတည်ဆောက်ရန် နိုဝင်ဘာလ ၁၃ရက်နေ့က သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

အဆိုပါ ရထားလမ်းသည် နှစ်နိုင်ငံ နယ်စပ်ဒေသများ ဖြစ်သည့် မိုဟန်၊ ဘိုတန်ဆိပ်ကမ်း နှင့် လာအို မြို့တော် ဗီယင်ကျန်း တို့ကို ဆက်သွယ်ပေးထားပြီး ၄၁၈ ကီလိုမီတာ ရှည်လျားကြောင်းသိရသည်။ ဖက်စပ် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စုစုပေါင်း တရုတ်ယွမ် ၄၀ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၆.၂၈ ဘီလီယံ ) ရှိပြီး တရုတ်မှ ၇၀ ရာခိုင်နှုန်း နှင့် လာအိုဖက်မှ ၃၀ ရာခိုင်နှုန်းပါဝင်ကြောင်း သဘောတူညီချက်စာချုပ်အရ သိရသည်။

ရထားလမ်းပိုင်း၏ ၆၀ ရာခိုင်နှုန်းကျော်သည် တံတားများနှင့်ဥမင်လိုဏ်ခေါင်း များအားဖြတ်ကျော် တည်ဆောက်ထားပြီး အရှိန်နှုန်းအနေဖြင့် တစ်နာရီလျှင် ၁၆၀ ကီလိုမီတာ ပြေးဆွဲနိုင်မည်ဖြစ် ကြောင်းသိရသည်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြန်လည် ပြုပြင်ရေး ကော်မရှင်မှ ဒုဥက္ကဋ္ဌ ဝမ်းရှောင်ထောင်း က ရထားလမ်းသည် ၂၀၂၀ခုနှစ်တွင် စတင်ပြေးဆွဲနိုင်မည်ဟု ခန့်မှန်းပါကြောင်း၊ ထို ရထားလမ်းသည် လာအိုနိုင်ငံ ၏ စီးပွားရေး နှင့် လူမှုရေးတိုးတက်ဖွံ့ဖြိုးမှုများအား လှုံ့ဆော်ပေးနိုင်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဒေသများ အတွက် ကောင်းကျိုးရလဒ်များ ဖြစ်ထွန်းစေနိုင်ကြောင်းပြောကြားခဲ့သည်။

ယင်း ရထားလမ်းသည် အနာဂါတ်တွင် ထိုင်းနိုင်ငံ နှင့် မလေးရှား နိုင်ငံ အထိ ရောက်ရှိလာမည်ဖြစ်ပြီး တရုတ် ခရီးသွားများ အနေဖြင့် အဆိုပါနိုင်ငံများသို့ ရထားဖြင့် လွယ်ကူစွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း ဝမ်းမှပြောကြားခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117