Connect with us

Politics, Law & Military

တရုတ်-တူရကီ နှစ်နိုင်ငံ သမ္မတတို့ တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း တွင် အတူတကွ ပူးပေါင်း ဆောင်ရွက် သွားရန် သဘောတူညီ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် တူရကီ နိုင်ငံ သမ္မတ ရီဆက်တေရစ် အာဒိုဂန် တို့အား နိုဝင်ဘာလ ၁၄ ရက်နေ့ က အန်ကာရာ မြို့၌ တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တူရကီ နိုင်ငံ သမ္မတ ရီဆက်တေရစ် အာဒိုဂန် ( Recep Tayyip Erdoğan) နှင့် တူရကီ နိုင်ငံ အန်ကာရာ (Ankara) မြို့တွင် နိုဝင်ဘာလ ၁၄ ရက်နေ့ ဒေသ စံတော်ချိန် နေ့လည် ၂ နာရီ ၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တူရကီ နိုင်ငံ အနေဖြင့် G-20 အစည်းအဝေးအား အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည့် အတွက် ဂုဏ်ပြုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် တူရကီ နိုင်ငံ၏ G-20 အစည်းအဝေးနှင့် ပတ်သက်၍ တက်ကြွစွာ ဆောင်ရွက်မှု များအား ချီးကျူးဂုဏ်ပြုကြောင်း ၊ တရုတ် နိုင်ငံသည်လည်း ၂၀၁၆ ခုနှစ်တွင် G-20 အစည်းအဝေး ကျင်းပမည် ဖြစ်ကြောင်း ၊ တရုတ်-တူရကီ နှစ်နိုင်ငံ အနေဖြင့် မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှုကို တိုးချဲ့ကာ ဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာ များကို ချိတ်ဆက် သွားရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ပိုးလမ်းမကြီး ဖောင်ဒေရှင်းနှင့် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ် စသည့် တို့မှ တစ်ဆင့် ပူးပေါင်း ဆောင်ရွက်မှု များကို တိုးမြှင့် သွားရမည် ဖြစ်ကြောင်း ၊ ဖွံ့ဖြိုး တိုးတက်ဆဲ နိုင်ငံ နှစ်နိုင်ငံ အနေဖြင့် ဘက်စုံ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဘက် အကျိုးပြုသွား ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တူရကီ နိုင်ငံ သမ္မတ ရီဆက်တေရစ် အာဒိုဂန် ( Recep Tayyip Erdoğan) က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အနေဖြင့် တူရကီ နိုင်ငံ သို့ လာရောက်ကာ G-20 အစည်းအဝေး တက်ရောက် ခဲ့သည့် အတွက် ကျေးဇူးတင်ကြောင်း ၊ တူရကီ-တရုတ် နှစ်နိုင်ငံသည် ဘက်စုံ ကဏ္ဍစုံ ကူးလူး ဆက်ဆံရေး ရှိပြီး နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင် နိုင်ခဲ့ကြောင်း ၊ တူရကီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ဆက်ဆံရေးကို လွန်စွာ အလေးထားကာ အပြန်အလှန် လေးစားမှု ထားရှိသည့် မူဘောင်အောက်တွင် နိုင်ငံရေး ၊ စီးပွားရေး စသည့် ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှု များဆောင်ရွက် သွားလိုကြောင်း ၊ တူရကီ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံမှ ဖော်ဆောင်သည့် ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်း အား တက်ကြွစွာ ပါဝင် သွားမည် ဖြစ်ပြီး တရုတ် နိုင်ငံမှ လုပ်ငန်းရှင်များ တူရကီ နိုင်ငံ သို့လာရောက် ရင်းနှီးမြှုပ်နှံရန် ကိုလည်း ဖိတ်ခေါ်ကြောင်း ၊ တူရကီ နိုင်ငံ အနေဖြင့် မည်သည့် တရုတ် နိုင်ငံ ဆန့်ကျင်ရေး ဆောင်ရွက်မှု ကိုမှ လက်ခံမည် မဟုတ်ကြောင်းပြောကြား ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အပြီးတွင် နှစ်နိုင်ငံ သမ္မတ တို့မှ အတူတကွ ခေတ်သစ် ပိုးလမ်မကြီး စီမံကိန်း အား တွန်းအား ပေးဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း နှင့် အခြား ပူးပေါင်း ဆောင်ရွက်မှု လက်မှတ် ရေးထိုးခြင်း အခမ်းအနား ကို တက်ရောက် ခဲ့ကြသည်။ (Xinhua)