Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဝန်ကြီးချုပ် က (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီး အစည်းအဝေး တက်ရောက်


စင်ကာပူ ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က နိုဝင်ဘာ ၁၄ ရက် တွင် စင်ကာပူ နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံ (10+1) ထိပ်သီး အစည်းအဝေး နှင့် တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး ထူထောင်ခြင်း ၁၅ နှစ်ပြည့် ထိပ်သီး အထိမ်းအမှတ် အခမ်းအနား ကို တက်ရောက် ခဲ့သည်။

အစည်းအဝေး တက်ရောက်စဉ် အတွင်း တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ပြီးခဲ့သည့် ၁၅ နှစ် တာ ကာလ အတွင်း နိုင်ငံတကာ နှင့် ဒေသတွင်း အခြေအနေများမှာ ရှုပ်ထွေးစွာ ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သော်လည်း အာရှဒေသ နိုင်ငံများ အနေဖြင့် တည်ငြိမ်အေးချမ်းပြီး ကောင်းမွန်သည့် အခြေအနေ ကို ထိန်းသိမ်း နိုင်ခဲ့ကာ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း ၊ ၁၅ နှစ်တာ ကာလ အတွင်း တရုတ်-အာဆီယံ ဆက်ဆံရေး မှာလည်း ထူးခြားစွာ ဖြတ်သန်း ခဲ့ရပြီး ဘက်စုံကျယ်ပြန့် သည့် ပူးပေါင်းဆောင်ရွက်မှု ကို ဖော်ဆောင်ကာ မဟာဗျူဟာ အရ ပိုမို ပြည့်စုံလာစေခဲ့ကြောင်း ၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် ပုံစံမျိုးကို ဖော်ဆောင်နိုင်ခဲ့ပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး အား တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ အကြား အကြီးမားဆုံးသော လွတ်လပ်စွာ ကုန်သွယ်ရေး ဇုန် ကို တည်ဆောက်နိုင်ခဲ့ပြီး ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု အဆင့်အတန်း ကိုလည်း အဆက်မပြတ် မြှင့်တင်နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အငြင်းပွားမှုများ အား ဖြေရှင်းနိုင်သည့် စံနမူနာ ကို ထူထောင်နိုင်ခဲ့ပြီး တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း (Declaration on the Conduct=DOC) ကို ဘက်စုံ အကောင်အထည်ဖော်ကာ တောင်တရုတ်ပင်လယ်အတွင်း အပြုအမူဆိုင်ရာ သတ်မှတ်ချက် (COC) နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများတွင်လည်း အရေးပါသည့် တိုးတက်မှုများ ရရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အာဆီယံ နိုင်ငံများ နှင့် အတူတကွ ညှိနှိုင်းဆောင်ရွက်မှု ကို အခြေခံ၍ COC အား ၃ နှစ် အတွင်း ပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ပ နိုင်ငံများအနေဖြင့် ဒေသတွင်း နိုင်ငံများ၏ သဘောထား အပေါ် လေးစားမှုထားရှိရန် မျှော်လင့်ကြောင်း ၊ ဒေသတွင်းရှိ နိုင်ငံများ ၏ ဉာဏ်အမျှော်အမြင် ဖြင့် အတူတကွ တောင်တရုတ် ပင်လယ် တည်ငြိမ်အေးချမ်းရေး အား ထိန်းသိမ်း နိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

(၂၁) ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပ နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် အား (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီး အစည်းအဝေး တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် က တရုတ်-အာဆီယံ က ကာလတလျှောက် အပြန်အလှန် လေးစားမှု ကို ခိုင်မြဲစွာ စောင့်တည်ခဲ့ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး ကို ဆောင်ရွက်ခဲ့ကြကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အာဆီယံ အသိုက်အဝန်း တည်ဆောက်ခြင်း အပေါ် ခိုင်မြဲစွာ ထောက်ခံအားပေး ခဲ့ပြီး အာဆီယံ အား ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ၏ ဗဟိုနေရာ တွင် ထားရှိခြင်း နှင့် ပတ်သက်၍လည်း ခိုင်မြဲစွာ ထောက်ခံ ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် တရုတ် နိုင်ငံ နှင့် အာဆီယံ က ဘက်စုံပူးပေါင်းဆောင်ရွက်မှု အား ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်ပြီး ပိုမို အဆင့်မြင့်မားသည့် မဟာဗျူဟာမိတ်ဖက် ဆက်ဆံရေး ကို ဖော်ဆောင်ကာ ပိုမို နီးကပ်သည့် တရုတ်-အာဆီယံ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း ကို တည်ဆောက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အစည်းအဝေး တက်ရောက်ခဲ့ကြသည့် အာဆီယံ နိုင်ငံ ခေါင်းဆောင်များ က ယခု နှစ်သည် အာဆီယံ-တရုတ် မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး ထူထောင်သည့် ၁၅ နှစ်ပြည့် နှစ်ဖြစ်သောကြောင့် ယခု အကြိမ်အစည်းအဝေး သည်လည်း အရေးပါသည့် မှတ်တိုင် တစ်ခု ဖြစ်စေခဲ့ကြောင်း ၊ အာဆီယံ နှင့် တရုတ် နိုင်ငံ အကြား အင်အားတောင့်တင်းသည့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး တည်ရှိပြီး အဆင့်မြင့် အရာရှိများ အကြား ကူးလူးဆက်ဆံရေး လည်း တည်ရှိကြောင်း ၊ တရုတ် နိုင်ငံ သည် ၉ နှစ် ဆက်တိုက် အာဆီယံ ၏ အကြီးဆုံးသော ကုန်သွယ်ရေး မိတ်ဖက် နိုင်ငံ ဖြစ်ခဲ့ပြီး နှစ်ဖက် လွတ်လပ်စွာ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု မှာလည်း အဆက်မပြတ် မြှင့်တင် နိုင်ခဲ့ကာ ပိုမို အရည်အသွေး မြင့်မား သည့် ဒေသဆိုင်ရာ ပြီးပြည့်စုံသည့် စီးပွားရေး မိတ်ဖက်(RCEP) ဖြစ်လာစေရေး အတွက် ဆွေးနွေးမှုများကို ကြိုးပမ်းဆောင်ရွက်နေကြောင်း ၊ အာဆီယံ-တရုတ် အနေဖြင့် နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု ကို အဆက်မပြတ် တိုးမြှင့် နိုင်ခဲ့ပြီး ပထမ ဦးဆုံး အကြိမ် ရေကြောင်း စစ်ရေးလေ့ကျင့်မှု ကို ပြုလုပ်နိုင်ခဲ့ကြောင်း ၊ COC ဆွေးနွေးမှု ကို အမြန်ဆုံး ပြီးစီး အောင်ဆောင်ရွက်သွားလိုပြီး အငြင်းပွားမှုကို ကောင်းမွန်စွာ ကိုင်တွယ်သွား လိုကြောင်း ၊ ရေကြောင်း ဆိုင်ရာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့သွားပြီး တောင်တရုတ် ပင်လယ် တည်ငြိမ်အေးချမ်းမှု ရရှိရေး ကို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ အာဆီယံ အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ အား တရုတ် နိုင်ငံ ၏ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု နှင့် ချိတ်ဆက် သွားလိုပြီး ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ အသစ်များ အဆက်မပြတ် ဖော်ဆောင်သွား လိုကြောင်း ၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု အား တိုးချဲ့ ပြီး အရှေ့အာရှ အသိုက်အဝန်း တည်ဆောက်ရေး နှင့် ဒေသတွင်း စီးပွားရေး အသိုက်အဝန်း တည်ထောင်ရေး တို့ကို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

အစည်းအဝေး ကျင်းပ စဉ် အတွင်း “၂၀၃၀ ခုနှစ် တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး မျှော်မှန်းချက်” အား အတည်ပြု နိုင်ခဲ့ပြီ သိပ္ပံ နှင့် နည်းပညာ တီထွင်ဆန်းသစ် မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကြေညာ စာတမ်း အား ထုတ်ပြန်ခဲ့ကာ ၂၀၁၉ ခုနှစ် အား မီဒီယာ ဖလှယ်ရေး နှစ် အဖြစ် သတ်မှတ်ကြောင်း ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.