Connect with us

Politics, Law & Military

ဖက်ဆစ်ဂျပန် တို့ ကျူးလွန်ခဲ့သည့် နန်ကျင်း အစုလိုက်အပြုံလိုက် အသတ်ခံရမှု ၏ ဖြစ်ရပ်မှန် ကို လူသားအားလုံး သိရှိရန် ဖော်ထ ုတ်ရမည်

ဖက်ဆစ်ဂျပန် တို့မှ တရုတ် နိုင်ငံ အား ကျူးကျော်တိုက်ခိုက်သည့် သမိုင်းကြောင်း အား လေ့လာသည့် ဂျပန် နိုင်ငံ သမိုင်း ပညာရှင် Masataka Mori အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ဖက်ဆစ်ဂျပန် တို့မှ တရုတ် နိုင်ငံ အား ကျူးကျော်တိုက်ခိုက်သည့် သမိုင်းကြောင်း အား လေ့လာသည့် ဂျပန် နိုင်ငံ သမိုင်း ပညာရှင် Masataka Mori က လက်ရှိချိန်တွင် ဂျပန် နိုင်ငံ ရှိ သတင်းဝက်ဘ်ဆိုက် များတွင် “နန်ကျင်း အစုလိုက်အပြုံလိုက် အသတ်ခံရမှု” ဟူ၍ ရိုက်သွင်း၍ ရှာဖွေကြည့်ပါက “တရုတ် နိုင်ငံ မှ လုပ်ကြံသည့် ဇာတ်လမ်း” သို့မဟုတ် “လုပ်ကြံထားသည့် သမိုင်းဖြစ်စဉ်” စသော အကြောင်းအရာ များသာ ပေါ်ထွက် လာမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန ၏ သီးသန့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြား ခဲ့သည်။

Masataka Mori က မိမိ အနေဖြင့် ဂျပန် နိုင်ငံ တွင် ယခု ကဲ့သို့သော အခြေအနေ ဖြစ်ပေါ် နေသည့်အတွက် လွန်စွာ စိုးရိမ်မိပြီး ယင်းသမိုင်းဖြစ်ရပ်မှန် နှင့် ပတ်သက်၍ လူများ ပိုမို သိရှိ နားလည်ရန် ဆောင်ရွက်သွား လိုကြောင်း ပြောကြား ခဲ့သည်။

တွေ့ဆုံမေးမြန်းမှု အတွင်း သမိုင်းပညာရှင် က ဂျပန် နိုင်ငံ ရှိ လက်ယာ နိုင်ငံရေးပါတီ များက နန်ကျင်း သတ်ဖြတ်မှု နှင့် ပတ်သက်၍ ငြင်းဆိုခဲ့ကြကြောင်း ၊ သို့သော်၎င်းတို့၏ အပြောအဆို အယူအဆ များသည် သမိုင်းကြောင်း သို့မဟုတ် လူမှုသိပ္ပံ ပိုင်းဆိုင်ရာ မည်သည့် အထောက်အထား မှ မရှိဘဲ ပြောဆိုနေခြင်း မျှသာဖြစ်ကာ မဟုတ်မမှန်သည့် သတင်းအမှားအား ထပ်တလဲလဲ ဖြန့်ချိမှု သက်သက်သာ ဖြစ်ကြောင်း ၊ ယင်းသို့သော လူမျိုးများ ၏ ပြောကြားချက်များအား သမိုင်း ပညာရှင်များ အနေဖြင့် ၁၉၇၀ ပြည့်လွန်နှစ်များ နှင့် ၁၉၈၀ ပြည့်လွန် နှစ်များအတွင်းက ဥပက္ခာ ပြုထား နိုင်သော်လည်း နောက်ပိုင်း ကာလများတွင် သမိုင်း ပညာရှင်များ အနေဖြင့် ဆက်လက် မျက်ကွယ် ပြုထား၍ မရတော့ကြောင်း ၊ ယခင်ချိန်တွင် နန်ကျင်း သတ်ဖြတ်မှု ကို ငြင်းဆိုသည့် အပြောအဆို များသည် လူနည်းစု မှ လုပ်ကြံဖန်တီးသည့် လိမ်ညှာမှု တစ်ခုသာ ဖြစ်ခဲ့သော်လည်း လက်ရှိချိန်တွင် ဂျပန် နိုင်ငံ ရှိ နိုင်ငံရေး သမား များနှင့် သတင်း မီဒီယာ အချို့ကပါ ယင်းအပြောအဆို များကို စတင် ထောက်ခံလာခဲ့ကြောင်း ၊ နိုင်ငံရေး သမားများ နှင့် သတင်း သမား များက စတင်၍ ပေါ်ပေါ်ထင်ထင် “နန်ကျင်း အစုလိုက်အပြုံလိုက် အသတ်ခံရမှု” မှာ သမိုင်းတွင် မရှိခဲ့ကြောင်း တရားဝင် ထုတ်ပြန်မှုများ ပြုလုပ်လာ ခဲ့ပြီး အစွန်းရောက် လက်ယာ နိုင်ငံရေး ပါတီများ အနေဖြင့်လည်း ဂျပန် နိုင်ငံ လွှတ်တော် တွင် နန်ကျင်း သတ်ဖြတ်မှု နှင့် စစ်တွင်းကာလ လိင်ကျေးကျွန် များ အတင်းအဓမ္မ ဆောင်ရွက်မှု စသော သမိုင်း ဖြစ်ရပ်များကိုပါ ငြင်းဆိုလာ ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ဂျပန် နိုင်ငံ လွှတ်တော် အတွင်း လွှတ်တော် ကိုယ်စားလှယ် ပေါင်း ၂၀၀ ကျော် က လက်ယာပါတီ ၏ သမိုင်း ဖြစ်ရပ်မှန် များအား ငြင်းဆိုမှုများကို တရားဝင် ထောက်ခံအားပေးမှု များဆောင်ရွက်လာ ခဲ့ပြီး အုပ်စု ဖွဲ့ကာ သမိုင်း ဖြစ်ရပ် မှန်များကို ငြင်းဆိုမှု များ ဆောင်ရွက် လာခဲ့ကြောင်း ၊ မိမိ အနေဖြင့် လက်ရှိ ဖြစ်ပွား နေသည့် အခြေအနေ နှင့် ပတ်သက်၍ လွန်စွာ အံသြတုန်လှုပ်မိကာ ယင်းအခြေအနေ မျိုးမှာလည်း ဂျပန် နိုင်ငံ အနေဖြင့် ရင်ဆိုင်နေရသော အခက်ခဲ ဆုံးသော ပြဿနာ တစ်ရပ် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Masataka Mori က လက်ရှိချိန်တွင် ဂျပန် နိုင်ငံ ရှိ လူငယ်များ မှာ အင်တာနက် ပေါ်၌ လက်ယာ နိုင်ငံရေး ဝါဒ ၏ လွှမ်းမိုးမှု များကို ခံနေရပြီး အင်တာနက်ပေါ်ရှိ လက်ယာ နိုင်ငံရေး ဝါဒ လှုပ်ရှားသူများ ဖြစ်လာ ခဲ့ကြောင်း ၊ ဂျပန် နိုင်ငံ အင်တာနက်များ ပေါ်တွင် “နန်ကျင်း အစုလိုက်အပြုံလိုက် အသတ်ခံရမှု” ဟူ၍ ရိုက်နှိပ်ရှာဖွေ ပါက ၇၀ မှ ၈၀ ရာခိုင်နှုန်းခန့်သည် သမိုင်း ဖြစ်ရပ်မှန် အပေါ် ငြင်းဆိုကြသောကြောင့် မိမိ အနေဖြင့် အလုံးစုံ ဖော်ထုတ် သွားလိုခြင်း ဖြစ်ကြောင်း မေးမြန်းမှုတွင် ဖြေကြားခဲ့သည်။

သမိုင်း ပညာရှင် Masataka Mori သည် ဖက်ဆစ်ဂျပန် တို့မှ တရုတ် နိုင်ငံ အား ကျူးကျော်တိုက်ခိုက်ခဲ့သည့် သမိုင်းကြောင်းအား နှစ်ပေါင်း ၄၀ ကျော် လေ့လာခဲ့သည့် သမိုင်းပညာရှင် တစ်ဦး ဖြစ်သည်။ ၎င်းအနေဖြင့် ယင်းကျူးကျော်စစ်ပွဲ ၏ ဒုက္ခကို ကြုံတွေ့ခဲ့ရသူများ တစ်နေ့တစ်ခြား လျော့နည်းလာသည် နှင့် အမျှ စစ်ပွဲ မှ ရရှိသည့် သင်ခန်းစာ သည်လည်း ဂျပန် နိုင်ငံ ၏ တစ်ဖြည်းဖြည်း မေ့ပျောက်မှု ကို ခံနေရသဖြင့် လွန်စွာ စိုးရိမ်နေရသည်။ ၎င်းအနေဖြင့် စစ်ပွဲ ကို ကြုံတွေ့ခဲ့ရသူများ တစ်ဖြည်းဖြည်း ကွယ်လွန်သွားမည် မှာ ရှောင်လွှဲ၍ မရသော ကိစ္စရပ် ဖြစ်သောကြောင့် စစ်ပွဲကြောင့် ရရှိလာသည့် ခံစားမှုများကို မျိုးဆက်သစ်များ အား လက်ဆင့်ကမ်းရန် မှာ ကျောင်းသင်ခန်းစာ နှင့် လူမှုဘဝ အသိပညာ ပို့ချရေး တို့ဖြင့်သာ ဆောင်ရွက်သွားနိုင်မည် ဟု ယူဆ သည်။ သို့သော် ဂျပန် နိုင်ငံ ၏ သင်ရိုးညွှန်းတန်း များတွင် စစ်ပွဲ အတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုများကို အဆက်မပြတ် ပယ်ဖျက်လာခဲ့ပြီး သမိုင်း ဖြစ်ရပ်မှန်များ ကို ဖုံးကွယ်သည့် ဆောင်ရွက်မှုများ မှာလည်း တစ်ဖြည်းဖြည်း ပိုမို အရှိန်အဟုန် မြင့်တက်လာကြောင်း သိရှိရသည်။

ထို့ပြင် Masataka Mori က ဂျပန် နိုင်ငံ အနေဖြင့် သမိုင်း ဖြစ်ရပ်မှန် များအား လက်ဆင့်ကမ်း ရာတွင် ဂျာမဏီ နိုင်ငံ ကို အတုယူ လေ့လာသင့်ကြောင်း ၊ ဂျာမဏီ နိုင်ငံ များ၏ ကျောင်းသင်ခန်းစာ များတွင် သမိုင်းဖြစ်ရပ်မှန် များကို သာ သင်ကြားပို့ချ ခဲ့ပြီး ကျောင်းများအနေဖြင့်လည်း ကျောင်းသားများကို စုစည်းကာ လေ့လာမှုခရီးများ ၊ သင်ယူမှုများကို ဆောင်ရွက်ပေးလေ့ရှိကြောင်း ၊ ဂျာမဏီ နိုင်ငံ ရှိ လမ်းများတွင်လည်း နာဇီဂျာမဏီ ၏ ရက်စက်မှု နှင့် ပတ်သက်သည့် အထိမ်းအမှတ် ကဗ္ဗည်းများ ၊ အထိမ်းအမှတ် သင်္ကေတများ ကို ထားရှိသောကြောင့် လူငယ်များ အနေဖြင့် ရှေးလူကြီးများ မှားခဲ့သည့် အမှားကို လေ့လာ သင်ယူ နိုင်ကြောင်း ၊ ဂျပန် နိုင်ငံတွင်လည်း စစ်သမိုင်းပြတိုက်များ ၊ အထိမ်းအမှတ် အဆောက်အအုံ များ တည်ဆောက်ခြင်းဖြင့် လူငယ်များအား လူမှုဘဝ တွင် အသိပညာ ဖြန့်ဝေခြင်း မှတစ်ဆင့် စစ်ပွဲအတွင်း ကျူးလွန်ခဲ့သည့် သမိုင်းဖြစ်ရပ်မှန်များကို သိရှိ နိုင်စေမည် ဖြစ်ကြောင်း ၊ မိမိ အနေဖြင့် လည်း ဒေသ အသီးသီး သို့သွားရောက်ကာ ဟောပြောပွဲများ ပြုလုပ်သွားမည် ဖြစ်ပြီး မိမိ ၏ လေ့လာတွေ့ရှိချက်များကို လူအားလုံးအား ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Masataka Mori က မိမိ အနေဖြင့် တရုတ်-ဂျပန် အရပ်ဘက် ဖလှယ်မှု ကဏ္ဍတွင် သမိုင်းကြောင်း ပြဿနာ သည် အဓိက အခြေခံ အခက်အခဲ တစ်ခု ဖြစ်စေခဲ့ပြီး ယင်းပြဿနာ ကို ကျော်လွှားပြီး မည်သို့မှ ချစ်ကြည် ဆက်ဆံရေး ကို တည်ဆောက်နိုင်မည် မဟုတ် ဟု ယူဆကြောင်း ၊ တရုတ် နိုင်ငံ ပြည်သူလူထု နှင့် ကိုရီးယား ကျွန်းဆွယ် ရှိ ပြည်သူလူထုများ အပါအဝင် အာရှတိုက် အတွင်းရှိ ပြည်သူလူထု များအနေဖြင့် သမိုင်း ဖြစ်ရပ်မှန် ကို မေ့ပျောက် ခဲ့ခြင်း မရှိသောကြောင့် အနာဂတ် တစ်ချိန်ချိန်တွင် ယင်းပြည်သူလူထု များနှင့် စစ်မှန်သော ချစ်ကြည်ဆက်ဆံရေး တည်ဆောက်လိုပါက ဂျပန် နိုင်ငံ အနေဖြင့် သမိုင်း ဖြစ်ရပ်မှန် ကို မဖြစ်မနေ လက်ခံရမည် ဖြစ်ကာ မိမိ တို့၏ ရှေ့လူများ မည်သည့် ကျူးလွန်မှုများ ဆောင်ရွက်ခဲ့ကြောင်း ကို အပြည့်အဝ သိရှိထား ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

သမိုင်း ပညာရှင် Masataka Mori သည် လက်ရှိချိန်တွင် ရှီဇူအိုကာတက္ကသိုလ် တွင် ငြိမ်းချမ်းရေး ဘာသာဗေဒ ပညာရပ် ကို သင်ကြား ပို့ချ ပေးနေပြီး ၎င်းအနေဖြင့် နောက်လာမည့် မျိုးဆက်သစ် များအား သမိုင်းဖြစ်ရပ်မှန် များ ပိုမိုကောင်းမွန်စွာ ပို့ချနိုင်ရန် လွန်စွာ အလေးထား ဆောင်ရွက်နေပြီး ၎င်းအနေဖြင့် အသက်အရွယ် ကြီးမြင့် လာခဲ့ပြီး ဖြစ်သောလည်း သမိုင်းဖြစ်ရပ်မှန် အား လက်ဆင့်ကမ်းသည့် အလုပ်အား အရေးကြီးဆုံးသော တာဝန်အဖြစ် ခံယူထားပြီး နောက်ဆုံး အချိန်ထိ ဆောင်ရွက်သွားမည် ကို ခံယူထားကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.