Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ကိုယ်စားလှယ် က ယူကရိန်း အရေး အား နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းကြရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တွင် တိုက်တွန်းပြောကြား

ကုလသမဂ္ဂ ဆိုင်ရာ တရုတ် နိုင်ငံ ကိုယ်စားလှယ် မာချောင်ရွှီ အား ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ မေ ၃၀ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ဆိုင်ရာ တရုတ် နိုင်ငံ ကိုယ်စားလှယ် မာချောင်ရွှီ (Ma Chaoxu) က မေလ ၂၉ ရက်နေ့ တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ယူကရိန်း အရေး အစည်းအဝေး ၌ ယူကရိန်း အရေး နှင့် ပတ်သက်၍ ထိပ်တိုက် တိုက်ခိုက်မှု ဖြစ်ပွား နေသည့် သက်ဆိုင်ရာ အသီးသီး အနေဖြင့် အပစ်အခတ် ရပ်စဲ ပြီး Minsk သဘောတူညီချက် ကို ဘက်စုံ အကောင်အထည်ဖော် ဆောင်ရွက်ကာ နိုင်ငံရေး နည်းလမ်း ဖြင့် ယူကရိန်း အရေး အား ဖြေရှင်းသွားကြရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

မာချောင်ရွှီ က တရုတ် နိုင်ငံ အနေဖြင့် ယူကရိန်း နိုင်ငံ အရှေ့ပိုင်း ဒေသ အခြေအနေ နှင့် ပတ်သက်၍ အနီးကပ် စောင့်ကြည့်မှုများ ဆောင်ရွက်ခဲ့ပြီး ယင်းဒေသ တွင် ဖြစ်ပွား သည့် တိုက်ပွဲ များကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရရှိမှု အပေါ် လွန်စွာ ဂရုပြုမိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ယူကရိန်း အရေး မှာ လွန်စွာ ရှုပ်ထွေးသည့် သမိုင်းကြောင်း တည်ရှိခဲ့သောကြောင့် အခြေခံ အရင်းအမြစ် မှ စတင်၍ ပြဿနာ များကို ရှင်းလင်းဖြေရှင်း သွားရမည် ဖြစ်ကြောင်း ၊ ယူကရိန်း အရေး အား ရေရှည်ဖြေရှင်း နိုင်ရန် အတွက် ယူကရိန်း နိုင်ငံ ဒေသ အသီးသီး ရှိ တိုင်းရင်းသား များ၏ မှန်ကန် သည့် အခွင့်အရေး နှင့် တောင်းဆိုမှု များအပေါ် အလေးထား ကိုင်တွယ်ဖြေရှင်းသွားပြီး သက်ဆိုင်ရာ အသီးသီး တို့၏ အကျိုးစီးပွား မျှတမှု တည်ရှိအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် မာချောင်ရွှီ က နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း ယူကရိန်း အရေး သက်ဆိုင်ရာ အသီးသီး တို့မှ နိုင်ငံရေး အရ ဖြေရှင်းရန် ကြိုးပမ်း ဆောင်ရွက်မှုများကို ထောက်ခံ အားပေး သွားရမည် ဖြစ်ပြီး ယူကရိန် နိုင်ငံ အမြန်ဆုံး တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေး ပြန်လည် ရရှိအောင် တွန်းအားပေး ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.